နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးစ္ဆာ အပိုင်း ၃၂

79 10 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၂

"ဝမ်ကျူလျှို  သူ့ကိုလွှတ်လိုက်"

"ဟား ဟား ဟား ဝေ့ဝူရှန့်ရာဝေ့ဝူရှန့် မင်းကဘာမို့လို့ နတ်ဆိုးဂိုဏ်းရဲ့ ဒုလက်ထောက်ကို အမိန့်လာပေးနေရတာလဲ "

ပြောလာသူက နတ်ဆိုးဂိုဏ်းချုပ် ဝမ်ချောင်ဝ

"ဝေ့ရင်း  မီးတောင်မိစ္ဆာဓားကို  အသာတကြည်အပ်ပါ"

ဝေ့ဝူရှန့်တို့ရင်ဆိုင်ရခက်သော အခြေအနေပင်ဖြစ်သည် ရန်သူ့လက်ထဲမှာက လန်ဝမ့်ကျီး 

ထိုစဉ် စကားပြောလာသောဟန်ကွမ်ကျွင်း

"ဘယ်တော့မှ သူတို့ကိုမပေးလိုက်နဲ့"

ထိုသို့ပြောလိုက်သော လန်ဝမ့်ကျီးကိုယ်လေးအား ဒူးထောက်ချစေကာ  ကန်ထည့်ပစ်လိုက်သော နတ်ဆိုးဂိုဏ်းချုပ်

လက်သီးတင်းတင်းဆုပ်ကာသာငြိမ်ခံနေရသော ဟန်ကွမ်ကျွင်းပင် 

"ရတယ်လေ မင်းတို့က ခေါင်းမာနေမှတော့ လန်ဝမ့်ကျီး မင်းကိုယ်ထဲက ဓားကိုထုတ်ပေးပါ ဘယ်လိုလဲ  ဟားဟားဟား"

လန်ဝမ့်ကျီးလေးမှ  စက်ဆုပ်ရွံရှာဖွယ်ကောင်းသောဝမ်ချောင်အား  အံကြိတ်၍ပင် ကြည့်နေရသည့်အဖြစ်

"လန်ဝမ့်ကျီး ငါ့မှာအချိန်မရှိဘူး မင်းအသာတကြည်ထုတ်ပေးမလားငါကိုယ်တိုင်ထုတ်ယူရမလား "

လန်ကျန့်က အကြည့်ကိုမျက်နှာလွှဲပစ်လိုက်ပါ၏  မင်းပြောတာကို လုံးဝဂရုစိုက်မနေဘူးဟူသောပုံစံဖြင့်သာ

"လန်ဝမ့်ကျီးရာ လန်ဝမ့်ကျီး မင်းကခေါင်းမာချင်တာပဲ"

ထိုသို့ပြောပီး အမြုတေလက်ဝါးရိုက်ချက်ဖြင့်လန်ဝမ့်ကျီးကိုယ်လေးအား ရိုက်ချလိုက်သည့် ဝမ်ချောင်

လန်ဝမ့်ကျီးလေးက မြေပြင်ပေါ်လဲကျကာ  သွေးတို့ပွက်ပွက်အန်လို့ တစ်ကိုယ်လုံးချင်းချင်းနီကုန်သည်

ထိုမြင်ကွင်းကိုမြင်သည်နှင့်  ဝေ့ဝူရှန့်တစ်ယောက်မည်သည်ကိုမျှမစဉ်းစားပဲ  ဝမ်ချောင်ဆီသို့. မီးတောင်မိစ္ဆာဓားဖြင့် ဝေ့တိုက်ပစ်လိုက်သည်

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now