နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၄၇

83 7 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၇

ရေခဲဂူလေးထဲတွင်တော့ အဖော်မဲ့အထီးကျန်စွာ လဲလျောင်းမှေးစက်နေတဲ့ နှင်းလူသားလေး တစ်နည်း ဟန်ကွမ်ကျွင်းလန်ကျန့်

"အင့်....ဟင်း..."

ညဉ်းညူသံလေးနဲ့အတူ မျက်ခုံးရိုးလေးတေတွန့်မဲ့လို့ နှုတ်ခမ်းနှစ်လွှာမှာ ဖွင့်ဟတယ်ဆိုရုံလေး

ထိုသည့်အချိန် ဦးရီးတော်တို့ဝင်လာရာ

"ဦးရီးတော် ညီငယ် "

"အင်း...ဝမ့်ကျီး သူ့ကိုယ်သူပစ်မထားဘူး သတိကပ်နေသေးတယ်ခုထိ ဒါပေမဲ့..."

"ဒါပေမဲ့ဘာဖြစ်လဲ ဦးရီးတော်"

"ဟင်း...ကိစ္စမရှိဘူး ထားလိုက်တော့ "

ပြောနေရင်းနဲ့ နှင်းသန္ဓေလုံးလေးကိုဝမ့်ကျီးနှုတ်ခမ်းနှစ်လွှာကြားမှ ထိုးသွင်းပေးလိုက်သည်

ထို့နောက် လက်ကလေးတေကို ဆုပ်ကိုင်ကြည့်သည်

ရေခဲတမျှ အေးစက်နေတဲ့ လက်ကလေးတေက ပျော့ပျော့ပျောင်းပျောင်းလေးသာ

"သူ ဒီတိုင်း ဘယ်လောက်ကြာကြာနေရမှာလဲဟင်.."

"အင်း...ပြောလို့မရနိုင်ဘူး အသက်ဓာတ်ငွေ့ငွေ့လေးတော့ ရှိနေသေးတာပဲ"

"ဦးရီးတော် ဘာကိုဆိုလိုတာလဲ "

"ဟင်း....ရှီးချန် စိတ်မကောင်းမဖြစ်နဲ့ ဝမ့်ကျီးငယ် သူ..ပြန်နိုးမထလာနိုင်တာလဲ ဖြစ်နိုင်တယ် "

"မဟုတ်ဘူးလေး ဦးရီးတော် စောနကသူ သတိကပ်တယ်ဆို "

"အင်း..ဒါကလည်းထူးဆန်းတယ် ကဲပါ ဆက်စောင့်ကြည့်ကြတာပေါ့ "

"ဦးရီးတော် လျှောက်တင်မေးမြန်းပါရစေ "

လန်စစ်ကျွေးလေးက စကားဆိုလာတော့

"မေးပါ..ကိုယ်ရံတော် "

"ကျွန်တော့်သခင်ကို ကယ်နိုင်မဲ့ တခြားနည်းလမ်းမရှိတော့ဘူးလားဟင်"

"နောက်ဆုံးကြိုးတစ်မျှင်တော့ ရှိပါတယ် "

"ဘာများလဲဟင်..ဦးရီးတော် "

သိချင်ဇောနဲ့ လန်ရှီးချန်ကပါ ဝင်မေးမှိသည်

"သူ့အသက်ဓာတ်နဲ့လေ့ကျင့်ထားရတဲ့ ဝင်္ကပါငွေ့ရည်ဖွဲ့ရဲ့ လက်နက် နှင်းပုဝါနဲ့ ဆိုရင်တော့

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now