နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၇၇

78 5 0
                                    

"နှင်းဧကရာဇ်နှင့်​ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၇၇
.
.
.
.
.
အခမ်းအနားထဲမှာတော့ ဂိုဏ်းခေါင်းဆောင်များလည်း ရောက်တတ်ရာရာပြောဆိုနေကြသည်

မိစ္ဆာနတ်ဆိုးသုတ်သင်ရှင်းလင်းပွဲအကြောင်းတေလဲ ပြောကြသေးသည်

ထိုစဉ် ဂိုဏ်းခေါင်းဆောင်တစ်ယောက်က လှမ်းမေးလာသည်

ဟို..ကျွန်တော်မျိုးယောင်တစ်ခုလောက်လောက်မေးချင်ပါတယ် မေးခွင့်ပြုပါ"

ဆိုတော့ အားလုံးငြိမ်၍နားထောင်ပေးလိုက်ကြသည်

သို့မို့ကြောင့် ယောင်ဂိုဏ်းချုပ်ဆက်မေးလာတာက

"ဟို ကျွန်တော်သိချင်တာ ဝေ့သခင်လေးနဲ့ နှင်းသခင်ငယ်လေးရဲ့ ပူးပေါင်းတိုက်ကွက်အကြောင်းပါ

အဲလိုအတူတိုက်ဖို့ ဘယ်လိုများလေ့ကျင့်ခဲ့ကြပါသလဲ

မေးချင်နေတာတော့ကြာပါပီ ဟိုတိုက်ကွက်က ကြည့်လို့လည်းအရမ်းကောင်းတယ်လေ "

ယောင်ဂိုဏ်းချုပ်ရဲ့ပေါ်တင်ကြီးမေးချမှုကြောင့် နှင်းသခင်ငယ် ရှက်ရဲစွာခေါင်းလေးအောက်သို့ ငုံ့ကြသွားတော့သည်

သို့မို့ကြောင့် ဝေ့ရင်းကပင်

"အာ..အဲဒါက အထူးတလည်ကြိုတင်ပီးလေ့ကျင့်ထားကြတာမဟုတ်ပါဘူး တိုက်ပွဲအတွင်းမှာကျတော့

အခြေအနေကိုကြည့်ပီးနှစ်ယောက်အတူတိုက်ခိုက်ကြတာပါ

နောက်တစ်ခုက အတူတိုက်ခိုက်နေကြတော့ တစ်ယောက်ကိုတစ်ယောက်ပိုကာကွယ်လို့ရတယ်လေ အဲဒါပါပဲ"

ငြိမ်သက်စွာ သိလိုဇောများနဲ့ နားထောင်နေခဲ့ကြသော ဂိုဏ်း​ခေါင်းဆောင်များနဲ့ ဂိုဏ်းသားအပေါင်းမှာသဘောကျလျက်

"တကယ်ကိုပဲလိုက်ဖက်လှပါတယ် "

"ဟုတ်တယ်ဟုတ်တယ်"

"အင်း..ပန်းဂိုဏ်းသခင်ဝေ့ရင်းနဲ့ နှင်းသခင်ငယ်လေးလန်ကျန့်တို့ဆက်နွှယ်မှုက အံမခန်းပါပဲ"

"သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက သာမာန်ထက်ပိုတဲ့ဆက်ဆံရေမျိုး "

"ဟုတ်တယ် မိုးကောင်းကင်ဆန္ဒအရမွေးဖွားလာတဲ့ လူသားနှစ်ဦးပဲ အပြန်အလှန်မှီခိုကြရတယ်"

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now