CH 81

2.7K 460 49
                                    

ရီဇဲ ဆေးရုံက ပြန်လာချိန်မှာ အပြင်မှာ မိုးတွေ ရွှာနေပေမယ့်လည်း ထီးမဖွင့်ဘဲ အရူးတစ်ယောက်လို မတ်တပ်ရပ်နေတာကြောင့် ဖြတ်သွားဖြတ်လာတွေကတောင် စိတ်ရောဂါသည်တစ်ယောက်လို ရှောင်ကွင်းသွားကြတယ်......

ကျဆင်းလာတဲ့မိုးရေစက်တွေကြောင့် ရီဇဲရဲ့မျက်ရည်တွေကို ဘယ်သူမှ သတိမထားမိခဲ့ကြဘူး......

သူဘာတွေ လုပ်ခဲ့မိတာလဲ......

အချစ်ရဆုံးသူကို  မပြန်လမ်းဆီ သူကိုယ်တိုင် တွန်းပို့မိခဲ့ပြီ........

အခွင့်ရေးတွေအများကြီးရှိခဲ့ပါရက်နဲ့ ဘာကြောင့်များ လက်လွှတ်ခဲ့မိတာလဲ.....အခုဆို ကံကြမ္မာရဲ့လှည့်ဖျားမှုကြောင့် အရာအားလုံး အချိန်နှောင်းခဲ့ပြီ.......

ဒီကောင်လေးကို ချစ်ပေးနိုင်ခဲ့ရဲ့ရက်နဲ့...ဒီကောင်လေးကို ကယ်တင်နိုင်ခဲ့ပါရက်နဲ့.....

အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရမယ်ဆို အရာအားလုံး ပေးဆပ်နိုင်ပါတယ်.....

[တင်းတောင်...ပစ်မှတ်ရဲ့နှစ်သက်မှု ၂မှတ်ထပ်တိုးပါတယ်....စုစုပေါင်း ၉၃ မှတ်ပါ....]

ရှဲ့ဟယ် သွေးအန်ပြီးကတည်းက ရောဂါအ​ခြေနေပိုဆိုးလာတာကြောင့် ဆရာဝန်တွေက ဓာတုကုထုံးသုံးဖို့ တိုက်တွန်းနေကြပြီ.....

ရှဲ့ဟယ်ဘက်က ဘာကိုမှမလွန်ဆန်ဘဲ ရီဇဲ ခိုင်းသမျှအကုန်လုပ်ပေးနေခဲ့တယ်....ရီဇဲကလည်း ဆေးရုံမှာပဲ နေဖြစ်ခဲ့တယ်....သူတို့နှစ်ယောက်ကိုကြည့်ရတာ သဟဇာတဖြစ်နေပုံရပေမယ့် တကယ်တမ်းကျတော့ ရှဲ့ဟယ်ရဲ့ အသက်မဲ့နေတဲ့မျက်ဝန်းတွေကိုကြည့်ရုံနဲ့တင် ရီဇဲအလိုကျ နေပေးနေမှန်း သိသာလွန်းပါတယ်......

ရှဲ့ဟယ်ရဲ့ ရောဂါအခြေနေ တနေ့တခြားဆိုးဝါးလာပြီး ခန္ဓာကိုယ်ကလည်း လေအဝှေ့မှာ ယိမ်းနွဲ့နေတဲ့ မိုးမခကိုင်းလေးသဖွယ် ပါးလျနေခဲ့ပြီ......

ရှဲ့ဟယ်ရဲ့ ရောဂါအ​ခြေနေဆိုးဝါးလာတာနဲ့အမျှ ရီဇဲရဲ့စိတ်ဓာတ်တွေလည်း အဝိစိရောက်တော့မတတ် ကျဆင်းနေခဲ့တယ်....ဆရာဝန်တွေခင်မျာလည်း ရီဇဲရဲ့မေးခွန်းတွေကြောင့် အတော်လေး ခေါင်းကိုက်နေရှာတယ်....ပြောရဲဆိုရဲရှိတဲ့ ဆရာဝန်ကြီးတစ်ယောက်ကဆို ရီဇဲကို လက်ညှိုးငေါက်ငေါက်ထိုးပြီး......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now