Intro

686 10 0
                                    

* 'ချမ်း' / 'Elysium' နဲ့ Timeline တူပေမဲ့ လုံးဝ ကွဲထွက်မဲ့ နောက်ထပ် Shared Universe တစ်အုပ်ပါ။ ⚠️ ကို အရင် ဖတ်ပါ။ အဲအချက်တွေ လက်ခံနိုင်တယ်ဆိုရင်တော့ ... Welcome to  🚩 enjoyer world ☺️

A/N: 2024/06/13 Thursday JST 10:43 am edited. ၄၃ ပိုင်းလောက် ရေးပြီးမှ intro မှာ ဇာတ်ကြောင်းမိတ်ဆက်လေး ထည့်သင့်တယ် ထင်လို့ လာဖြည့်တာ 😅

🔥 ဇာတ်ကြောင်းမိတ်ဆက်
**************************
{ MC }
Jake Frenzo (သန့်သုတ) ဆိုတဲ့ ဆယ့်ခြောက်နှစ်သား ကောင်လေးတစ်ယောက် တွေ့ကြုံခံစားရမဲ့ ချစ်ရေးချစ်ရာ။ သူ့အချစ်ဦးမှာ ထင်တာထက်ပို ရက်စက်ပြတ်သား၍ အကြိမ်ကြိမ် ငိုရအောင်၊ ဝမ်းနည်းမွန်းကြပ်ရအောင် လုပ်တတ်သည်။ သူတို့ မိသားစုနှစ်ခုမှာ ပြဿနာ လျို့ဝှက်ချက်များ ရှိ၍၊ ထိုလူကြီးကို ချစ်မိပြီးမှ အကိုရင်း တစ်ယောက်ကို ချစ်မိတယ်ဆိုတာ သိသွားတဲ့အခါ။ အနာပေးလိုက် ဆေးကျွေးလိုက်ဖြင့် သူ့စိတ်ကို ရူးချင်သလိုထိ ဖြစ်အောင် အမျိုးမျိုး ပြုစားတတ်သော လူကြီးကို ချစ်မိပြီးနောက်၊ ၁၆ နှစ်သား ကောင်လေးရဲ့စိတ်ဝိညဉ်က သေဆုံးသွားခဲ့သည်။ ထိုအချိန်မှ စ၍ Jake ရဲ့ Tsundere (cold, hostile, impolite) စရိုက်မှာ အသက်ဝင်လာခဲ့သည်။ တစ်ချိန်က သူဟာ ဆယ့်ခြောက်နှစ်အရွယ်နဲ့ လိုက်ဖက်အောင်ပင် အလွန်တရာ ချစ်ဖို့ကောင်း၍၊ လူကြီးတွေကို ကပ်ချွဲတတ်၊ နွေးထွေးတတ်ပြီး ဂရုစိုက်တတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့သော်ငြားပေါ့။

{ SC }
Jake Frenzo လိုဘဲ အလံနီ အင်ဂျိုင်ရာ Team ထဲမှ ရဲသွေးနီ။ Jake နဲ့ သက်တူ ရွယ်တူ အရပ်တူ ပုံစံအားလုံးနီးပါး ဆင်တူတဲ့ ကောင်လေးက အစားထိုးခံနေရမှန်း သိနေရက်နဲ့တောင် အဲလူကို ချစ်မိသွားတဲ့အခါ။ ချစ်ရတဲ့လူကတော့ သူ့ကို ပြန်ချစ်ဖို့ ဝေးစွ။ Sex Partner သဘောမျိုးဘဲ ထားကာ သူ့ဘက်ကို လုံးဝ မငဲ့ညှာ၊ မစာနာတတ်တဲ့ လူတစ်ယောက် ဖြစ်နေသော်လည်း၊ အဲလူက ဘယ်လောက်ပင် ဆိုးသွမ်းပစေ အဲလူတစ်ယောက်တည်းကိုဘဲ ရူးရူးမူးမူး လွန်လွန်ကြူးကြူး ချစ်ပြမဲ့ ကောင်လေးရဲ့ဘဝဇာတ်ကြောင်း ဖြစ်သည်။

{ CP }
Main Cp အပါအဝင် Side Cp ပါ အတွဲလေးတွဲ။

{ Cameo Cp }
'ချမ်း' စာအုပ်မှ ဟာချမ်း အတွဲ
'Elysium' စာအုပ်မှ အိမ်ရှေ့မင်းသားတို့ အတွဲ

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now