33. Chasing the Bald Eagles

69 4 0
                                    

"ဘယ်လို အခြေအနေ ရှိလဲ? အကုန် တင်ပြ"

"..."

ထိုသို့ ပြောလိုက်ပေမဲ့ အတန်ကြာအောင်ပင် ဘာတုံ့ပြန်မှုမှ မ,လာတာကြောင့်၊ ဖရန့်လူးကပ်စ် အနောက်သို့ လှည့်ကြည့်လိုက်သည်။ 07 က သူ့အနောက်မှာ လက်နှစ်ဖက်ကို ရှေ့သို့ပို့၊ ကြက်ခြေခတ်ပုံစံ ထားကာ၊ မျက်လွှာချ၍ ငြိမ်သက်နေသည်။ ဒါက 07 ရဲ့ ပုံမှန် အခြေအနေ မဟုတ်ပေ။

"ZERO. SEVEN"

"ကျွန်မ ရှိပါတယ် ကာနယ်"

"ရှိနေသေးရင် ငါ မေးတာဖြေလေ"

"အော် ဆရာက ဘာကို မေးချင်တာလဲ? ကျွန်မ မသိလို့ပါ။ အလုပ်အခြေအနေကို မေးတာလား? ဒါမှမဟုတ် သေခါနီးလူနာတစ်ယောက်ရဲ့ အခြေအနေကို မေးတာလားလို့ပါ"

"ဘာ !"

ဒီညမှာ 07 က တော်တော်လေး ထူးဆန်းနေသည်။ ဖရန့်လူးကပ်စ်က ခေါင်းဆောင်ပိုင်းက ဆိုပေမဲ့၊ သူ့လက်အောက်ငယ်သားတွေကို ချုပ်ချယ်တာမျိုး၊ အလုပ်နဲ့ မသက်ဆိုင်ဘဲ အာဏာပေး,ခိုင်းစေတာမျိုး တစ်ခါမှ မလုပ်ဖူးခဲ့ပေ။ လျို့ဝှက်စခန်းမှာဆို တပည့်များနဲ့လဲ လုံးထွေးပြီးနေ၍၊ နပန်းထ,သတ်တာမျိုး၊ သေနတ်ပစ် ပြိုင်တာမျိုးကို မကြာခဏ လုပ်နေကြ။

ZERO အဖွဲ့သား ဆယ့်သုံးယောက် ရှိတဲ့အထဲ၊ 07 တစ်ယောက်သာ မိန်းကလေး ဖြစ်သည်။ သို့သော် မိန်းကလေးဟူ၍ ဘယ်သူမှ 07 ကို အထင်မသေးရဲကြပေ။ အမြဲလို စတိုင် ခပ်မိုက်မိုက်နဲ့ နေလေ့ရှိတဲ့ 07 က သူ့အလုပ်ကိုသူ အာရုံစိုက်၍ အချိန်မှီ ပြီးအောင် လုပ်သည်။ ယောင်္ကျားတွေထက်ပင် စိတ်ဓာတ်မာကျောကာ ပြတ်သားသည်။

ဒါကြောင့် ဖရန့်လူးကပ်စ်နဲ့လဲ ဘာ ရှော့မှ မရှိခဲ့။ 07 သည်လဲ ဖရန့်လူးကပ်စ်,ကိုယ်တိုင် ပျိုးထောင်၊ သင်ကြားပေးခဲ့တဲ့ တပ်သားတစ်ယောက် ဖြစ်လေရာ၊ သူနဲ့ဆို ဆရာတပည့် ဆက်ဆံရေးပင်။ သို့သော် 07 က သူ့ကိုဆို အမြဲလိုပင် လေးစားသမှုနဲ့ 'ကာနယ်' လို့ ခေါ်လေ့ရှိသည်။ ခုညမှာတော့ 07 ရဲ့ အပြုအမူတွေမှာ ပုံမှန်နဲ့ မတူဘဲ၊ သူ့ကို ခနဲ့တဲ့တဲ့ ပြောချင်နေသည့် အလား။ ထိုအမူအရာကို ဖရန့်လူးကပ်စ်က ဥပေက္ခာသာ ပြုလိုက်သည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Donde viven las historias. Descúbrelo ahora