34. Can't Say I don't love You

77 4 0
                                    

တကယ်တော့ ပုံမှန် စကားသံ ဆိုတာထက် စူးစူးဝါးဝါး အော်ဟစ်,ငြင်းခုန်သံများနဲ့၊ နာကျင်စွာအော်ဟစ်နေသံများသာ။ ဖရန့်လူးကပ်စ်,က အမှောင်ရိပ်ထဲမှာသာ ပုန်းကွယ်နေရင်း၊ အသံလာရာဆီသို့ နားစွင့်မိသည်။
.
.
.

"အား ! ! !"

"ဟ ဘာလဲ? အရမ်းကိုမှ တော်တတ်၊ ကောင်းမွန်ပြီး ပြည့်စုံလှတဲ့ လက်ရွေးစင် အဖွဲ့သားကြီးက ဒီလောက်နဲ့ နာကျင်နေရတယ်တဲ့လား?"

အကျဉ်းခန်းထဲမှာ ရှိနေတာက လူနှစ်ယောက်ထဲသာ။ တခြားသူတော့ မဟုတ်။ ရွှေရည်ဝင်းထိုက်နဲ့ ဂျုးအလင်္ကာမောင်ပင်။ ရွှေရည်ဝင်းထိုက်က ရဲရဲတောက် နေတဲ့ မီးသွေးခဲတွေကို မီးလောင်ကျွမ်းစေရင်းမှ၊ ဂျုးအလင်္ကာမောင်ရဲ့ ဒူးခေါင်းအောက်ကို ထိုးသွင်းနေကာ ...

"ကြိုက်သလောက် အော်! မင်း စိတ်ကြိုက် အော်ဖို့၊ ကျန်တဲ့လူ အကုန် ငါ မောင်းထုတ်ထားပြီးသား။ ဒီည ငါ သိချင်တဲ့ မေးခွန်းတွေကို မင်း မဖြေပေးမချင်း တညလုံး အိပ်ရမယ် မကြံနဲ့"

"ရွှေ ရည် ဝင်း ထိုက် !
မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ !?"

"ဟ့ ! ငါ ပြောတာကို လုပ်ပေးလေ! နယူးယောက်က မင်းတို့ ရုံးချုပ်! မင်း နာမည်ပါတဲ့ အိုင်ဒီ ကဒ် ငါ လို ချင် တယ်"

"ဘာ !!!"

"ဟုတ်တယ်။ အဲဒါအပြင် မင်းတို့အဖွဲ့က တပ်သားတိုင်းရဲ့ ခန္ဓာကိုယ်ကို လစဉ် ထိုးတဲ့ NO ဆေး ပမာဏ! အဲဒါ ဘယ်လို တွက်လဲ? ဘယ်လောက်လဲ? ငါ့ကိုပြော"

"မင်း ဘာ လုပ် အုံး မ လို့ လဲ!"

"အော် ဟုတ်သား။ ဒီသတင်းကို မင်း မသိသေးဘူးဘဲ ဂျုးအင်္လကာမောင်။ SUNKEN က မင်းတို့ လျို့ဝှက်စခန်း တည်နေရာ။ ဟားဟား မင်း ကျေးဇူးနဲ့ ငါ သိသွားခဲ့တယ်လေ။ အခု အဲဒီစခန်းကို ငါ အမြစ်ပြတ် ချေမှုန်းပြီးပြီ။ ဆေးတစ်ဝက်လဲ ပြန်ရပြီ။ အဲဒါကြောင့် မင်းကို ကျေးဇူးတင်တယ်။ တလတ်စထဲ ကူညီလက်စနဲ့ ဒီဟာပါ ဆက်ပြီး ကူညီလိုက်ပါလား"

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now