8. Cheese

132 7 0
                                    

ရေချိုးခန်းထဲမှ Jake ပြန်ထွက်လာတဲ့အချိန် အခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး။

အဝတ်အစားလဲပြီးနောက် သတိတရနဲ့ပင် အဖြုရောင် anklet ကို ခြေကျင်းဝတ်မှာ ဝတ်ဆင်ဖို့ မမေ့သလို၊ ပလတ်တီနမ် footchain ကိုလဲ ဘူးတစ်ခုထဲ သေချာ သိမ်းထည့်ထားဖို့ မမေ့ခဲ့ဘူး။

Suite Room ထဲကို ရောက်လာတော့ ကုတင်ဘေး စားပွဲပေါ်မှ စာကြည့်မျက်မှန်ကို Jake ကောက်တပ်လိုက်တယ်။ ဒီညတော့ စကားပြောဖို့အဖော်က ဘယ်သူမှ မရှိ။ ဖတ်နေကြ Manga တွေဘဲ သွားပြန်ဖတ်နေမယ်လို့ Jake စဉ်းစားလိုက်တယ်။

ဒီအသက်အရွယ်နဲ့ Jake က အဝေး နဲနဲ မှုန်ပြီး၊ အနီးကတော့ လုံးဝ ကန်းတယ်။

မှတ်မိရသလောက် သူ့အသက် ဆယ်နှစ်မတိုင်ခင်ထိ ဘေးအိမ်က လူပျိုပေါက် အကိုနှစ်ယောက်ဆီ သွားကစားရတာ ကြိုက်ခဲ့တယ်။ သူတို့နောက် တကောက်ကောက် လိုက်ရတာကိုလဲ သဘောကျခဲ့တယ်။

ဒါပေမဲ့ အဲနောက်ပိုင်းမှာ ဘာလို့မှန်းမသိဘဲ Jake က အပြင်ထွက်တာမျိုး သိပ်မရှိတော့ဘူး။ အဲအစား အခန်းအောင်းပြီး ဂိမ်းဆော့တယ်။ ခွေကြည့်တယ်။ တဖက်ကလဲ သူ ဝါသနာပါရာ Coding World ထဲမှာ စူးစမ်းလေ့လာရတာကို ပျော်မွေ့နေတတ်တယ်။

အဲဒါတွေကြောင့် ခုလို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ Jake ဟာ မျက်မှန်ပါဝါက 100. Cylinder က 150 နဲ့ အဝေးမှုန်၊ အနီးကန်း နှစ်မျိုးလုံးမှာ အားနည်းနေခဲ့ပြီ။

တကယ်တော့ မျက်မှန် မတပ်မနေရ၊ လုံးလုံးကြီး မမြင်ရလောက်အောင်ထိ သူ့မျက်လုံးတွေက အခြေအနေ မဆိုးသေးသော်ငြား၊ မားမားရဲ့ စာဖတ်တိုင်း စာကြည့်မျက်မှန်တပ်ရမယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် အမြဲလိုလို တပ်နေမိခြင်းပင် ဖြစ်တယ်။

ဒီမျက်မှန်လဲ သိပ်မကြာခင် ပါဝါ သွားစစ်ရတော့မယ် ထင်ပါရဲ့။ သေချာတာက Cylinder ထပ်တက်လာပြန်ပြီထင်တယ်။

ဟိုတွေးဒီတွေးနဲ့ နောက်ဆုံး ကုတင်ပေါ်လှဲအိပ်ဖို့ရန် ပြင်ပြီးမှ ...

" ? "

ကုတင်ဘေး၊ စားပွဲခုံရဲ့အောက်မှာ ညှိနေတဲ့ အဖြုရောင် အမှုန့်တွေပါဝင်တဲ့ အိတ်ငယ်လေး တစ်ထုပ်ကို သူ တွေ့ရှိသွားတယ်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now