20. Two Faced

130 7 4
                                    

အခြေစိုက်စခန်းရှိ၊ တစ်ခုသော တိုက်တာတွင်။

"အားလုံးဘဲ အရေးပေါ် အစည်းအဝေးမို့၊ ငါ့အိမ်မှာ စုပြီး ခေါ်လိုက်ရတယ်။ အထက်က အမိန့်ကျတယ်။ လင်းယုန်တွေကိုလိုက်တဲ့ ကေ့စ်နဲ့ပတ်သက်ပြီး၊ လက်ရှိ အခြေအနေကို တင်ပြပါတဲ့။ အဲဒါ ဘယ်သူ အစီရင်ခံစာ ရေးမလဲ?"

ပြတ်သားတိကျတဲ့ စကားသံက လေထုထဲတွင် ပျံ့လွင့်နေသည်။ စာကြည့်ခန်းတွင်း လုပ်ရတဲ့ အစည်းအဝေးပေမို့၊ ထိုင်ခုံ အလုံအလောက် မရှိ။ တစ်ယောက်သောသူကသာ တစ်ခုတည်းသော ခုံတွင်ထိုင်နေပြီး၊ မတ်တပ်ရပ်လူအားလုံးကို မေးခွန်းထုတ်နေတယ်။ သို့သော် မည်သူ တစ်ဦ်းတစ်ယောက်ဆီကမှ အဖြေစကား မရှိ။

လေထုက ပို၍ အေးစက်လာသည်။ Frank Lucas က အေးစက်စက် မျက်နှာဖြင့်ပင်၊ အားလုံးကို စူးစိုက်ကြည့်တယ်။ မည်သူ့ဆီကမှ အဖြေ မထွက်လာတဲ့အခါ၊ စားပွဲခုံကို လက်ဝါးဖြင့် အားပြင်းပြင်း တစ်ချက် ပုတ်သည်။

'ဘုန်း'

"ငါ မေးနေတာ မကြားဘူးလား !! မင်းတို့ နားကန်းနေကြလား !"

ထိုတော့မှ တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ..

"ကာ ..."

ပြောလို့ မဆုံးသေးခင်ပင် ဖရန့်လူးကပ်စ်ထံမှ

"ခု ငါ့အိမ်မှာ! ပုံမှန်ဘဲ ပြော!"

မတ်တပ်ရပ်နေသူ အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြသည်။ သူတို့မျက်နှာမှာ ဇီးရွက်လောက်သာ ရှိကြတော့သည်။

သူတို့ဆရာက ပုံမှန်ဆို သဘောကောင်းတယ်။ လက်အောက် ငယ်သားတွေ အပေါ် အနစ်နာခံတတ်တယ်။ အစွဲအလမ်းကြီးတယ်။ ဒါပေမဲ့ စိတ်,မရှည်ဘူး။ ခုလို ဒေါသထွက်နေတဲ့အချိန်မှာဆို ပိုလို့တောင် ကြောက်ဖို့ကောင်းတယ်။ တွေးရင်းနဲ့ပင် တစ်ယောက်က အရဲစွန့်ပြီး ပြောလာတယ်။

"ကျွန်တော်တို့မှာ လက်ရှိ ဘာ အစီအရင် ခံစရာမှ မရှိပါဘူး"

စကားလှအောင်သာ ပြောလိုက်ရပေမဲ့၊ တကယ်တမ်းကျ 'ဘာ အခြေအနေ တိုးတက်မှုမှ မရှိတာပါ'။ အဲဒါကြောင့် သူတို့ ဆရာကို ထုတ်ပြောဖို့ ကြောက်ရွံ့နေကြခြင်း ဖြစ်တယ်။ ဒါကို Frank Lucas ကလဲ သိတယ်။ လူအားလုံးဆီ အေးစက်တဲ့ အာဏာပြင်းအကြည့်တစ်ချက်ကို ပို့လိုက်ပြီး ...

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Hikayelerin yaşadığı yer. Şimdi keşfedin