13. He said 'I can't afford love'

115 5 0
                                    

တစ်လ ကြာပြီးနောက်။

အထက်တန်း ကျောင်းသားများအတွက်၊ Grade 11 အတန်းများလဲ ပြန်ဖွင့်ပြီ။

ခုလက်ရှိ Jake က ကျောင်းသွားတယ်။ အိမ်ပြန်တယ်။ စားတယ်။ အိပ်တယ်။ ကျောင်းသွားတယ်။ ပြန်တယ်။ စသဖြင့် စက်ရုပ်လိုဘဲ နေ့စဉ် ဖြတ်သန်းနေတယ်။ သုံးရက်ကြာအောင် အပြင်းဖျားပြီးတဲ့နောက်၊ သူ့မိဘတွေရဲ့ စိုးရိမ်ပူပန်စိတ်ကို အဆုံးစွန်ထိ တွန်းပို့မိသွားတဲ့ပုံဘဲ။

မားမားတို့ကို မစိုးရိမ်စေချင်တော့လို့၊ ခုလက်ရှိ Jake က အရာအားလုံး အဆင်ပြေအောင် အကောင်းဆုံး ကြိုးစားနေတယ်။

မဟုတ်ဘူး ..
ကြိုးစားနေတယ်ဆိုတာ မဟုတ်ဘဲ ..

Jake တကယ် အဆင်ပြေပါတယ် ...

အကြောင်းပြချက်မရှိ ညအချိန်မတော် လန့်နိုးတတ်တာတွေ၊ မျက်နှာကျက်နံရံကိုကြည့်ရင်း တိတ်တဆိတ် မျက်ရည်ကျနေတတ်တာက လွဲလို့ပေါ့။

ဒီရက်တွေမှာ ပုံမှန်လိုဘဲ အန်တီ ဘယ်လာက မားဆီ လာလည်လေ့ရှိတယ်။ ကေဒင်ဇိုင်းကိုတော့ သူ သိပ်မတွေ့ဖြစ်ဘူး။ ပြောသံကြားတာတော့ အလုပ်ကိစ္စ ခရီးထွက်သွားတယ်တဲ့။ ထားပါ။ အမှန်တိုင်းပြောရရင် ခုချိန်မှာ Jake ဘယ်သူ့ကိုမှ စိတ်မဝင်စားနေဘူး။

ကျောင်းကအပြန် စက်ဘီးပေါ်မှဆင်းပြီး အိမ်ရှေ့အဝင် Jake နှုတ်ဖျားမှ အာမေဠိတ်သံတစ်ခု ထွက်ကျလာတယ်။

"ဟင်"

အိမ်ရှေ့ဆင်ဝင်ရှေ့ တိုင်ကိုမှီရပ်နေတဲ့ ထိုလူကြီး။ ဘဝတစ်လျှောက် ရင်းနှီးခဲ့တယ်လို့ ထင်ထားပေမဲ့၊ ဂဃဏန သေချာ မသိသေးတဲ့ လူကြီး။ ထိုလူကြီးက ခု Jake ရဲ့အိမ်ရှေ့မှာ တိုင်ကိုမှီပြီး ဆေးလိပ်သောက်နေတယ်။

"ကိုကြီး ..."

မရည်ရွယ်ပေမဲ့ နှုတ်မှ ခေါ်သံ ထွက်ကျလာတဲ့အခါ၊ စူးရှတဲ့မျက်ဝန်းအစုံက Jake ရှိရာဆီ တန်းရောက်လာတယ်။ Frank Lucas ထောင်ထဲကနေ ဘယ်လို ထွက်လာတာလဲ? ပြဿနာတွေ ဘယ်လို ဖြေရှင်းခဲ့လဲ? ဘာညာ မေးဖို့အတွက် Jake စိတ်မဝင်စားအားဘူး။ ထိုလူကြီးရဲ့မျက်နှာကို မြင်တာနဲ့၊ တည်ငြိမ်နေပြီဖြစ်တဲ့ Jake ရဲ့ရင်အစုံက လှုပ်ခါလာတယ်။ ဒါ့အပြင် ခြေလှမ်းတွေက Frank Lucas ဆီ အပြေးသွားဖို့ရန် ပြင်တယ်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now