24. Something about U

106 4 2
                                    

လူးကပ်စ် စံအိမ်၊ စာကြည့်ခန်းထဲ၌။

ညဉ့်သန်းခေါင်ယံသို့ ရောက်သော်၊ အခန်းထဲသို့ လူရိပ်တရိပ်က ဝင်ရောက်လာသည်။ ထိုလူက တခြားသူတော့ မဟုတ်ဘူး။ 'ကေဒင်ဇိုင်း' ပင်။

တညတာ စိတ်အေးအေးထားပြီး စဉ်းစားပြီးတဲ့နောက်၊ သူ့ခေါင်းထဲ ထွက်လာတဲ့ တခုတည်းသောအဖြေက ဒယ်ဒီနဲ့ သူ DNA စစ်ကြည့်မယ်။

ခုချိန်လောက်ဆို ဒယ်ဒီက ပထမထပ်ရှိ အိပ်ခန်းထဲတွင် အိပ်မောကျနေလိမ့်မည်။ ဒါကြောင့် ဒီအချိန်မှာမှ၊ ဒယ်ဒီ့ စာကြည့်ခန်းထဲသို့ အရဲစွန့်ကာ ဝင်လာခြင်းပင်။ ဒယ်ဒီက အိပ်ခန်းထက်စာရင်၊ စာကြည့်ခန်းထဲမှာ အချိန်ပြည့်လိုလို နေတတ်တာမို့၊ ပြောလို့ မရဘူး။ DNA တိုက်စစ်လို့ရမဲ့ ပစ္စည်းတစ်ခုခု ရှိချင်,ရှိနိုင်မှာ။

ခုလက်ရှိ အခန်းထဲမှာ သူ ယူဆောင်လာခဲ့တဲ့ မှိန်ပျပျ မီးအလင်းသာ ရှိသည်။ အခန်းမီး ဖွင့်လိုက်ရင်၊ မတော်တဆ ဒယ်ဒီ တရေးနိုးလို့၊ ဒီဘက် အလင်းရောင်ကို တွေ့သွားမှာ စိုးလို့ဘဲ။ ဒီ မှိန်ပျကျ မီးရောင် အားကိုးနဲ့ပင်၊ ကေဒင်ဇိုင်း စာကြည့်ခန်းတစ်ခုလုံးကို ပတ်၍ ရှာမိသည်။ ဒယ်ဒီ့ အလုပ်စားပွဲ၊ အဝတ်ဗီရိုတွေမှာလဲ ရှာကြည့်သည်။ သို့သော် ဘာ သဲလွန်စမှ ရှာမတွေ့။

ဒါကြောင့် သန့်စင်ခန်းသို့ ဝင်လာခဲ့သည်။ နောက်ဆုံး ကြံရာမရတော့တဲ့အဆုံးတွင်၊ ဒယ်ဒီ့ရဲ့ မုတ်ဆိတ်ရိတ်သံ ဒါမှမဟုတ် သွားတိုက်သံ ဖြစ်ဖြစ် ယူလာဖို့ပင်။ သို့သော် သူ မေ့သွားခဲ့တာတစ်ခု ရှိတယ်။ ဒယ်ဒီက သပ်သပ်ရပ်ရပ် နေတတ်တဲ့လူမျိုးဆိုတာကိုပင်။ ဘေစင်ပတ်ပတ်လည်မှာ အမှိုက်တစ်စ မရှိ၊ ပြောင်ရှင်းလို့၊ တစ်ကိုယ်ရေတစ်ကိုယ်ယ ပစ္စည်း မပြောနဲ့။ ဆံချည်တစ်မျှင်တောင် ရှာမတွေ့ဘူး။

တခါသုံး ပစ္စည်းတွေကို ရှာကြည့်ဖို့ကလဲ ဒယ်ဒီ့ရဲ့ အသန့်ကြိုက်စရိုက်ကြောင့်၊ အိမ်ဖော်တို့က တရက် နှစ်ခါ ပုံမှန်သန့်ရှင်းပေးလို့၊ အမှိုက်ပုံးကလဲ ပြောင်ရှင်းနေတယ်။ အခန်းမှောင်ထဲမှာပင် ကေဒင်ဇိုင်း သက်ပြင်းပူပူတစ်ချက်ကို ရှိုက်ထုတ်လိုက်မိတယ်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now