25. Are you addicted ?

115 6 4
                                    

တနင်္လာနေ့၊ ည 11 နာရီခွဲ။
ဆာခရာမန်တိုမြို့၊ မြန်မာရပ်ကွက်ရှိ၊ တစ်ခုသော ခြံဝင်း၌။

"ဒါ ဘယ်က ပြန်လာတာလဲ?"

အိမ်ထဲသို့ ဝင်လိုက်ချင်းပင်၊ ဧည့်ခန်းဝဆီမှ ငြိုငြင်သံဖြင့်၊ မေးလာသော စကားတစ်ခွန်း။ အဝင်ဝမှာရပ်နေသူက ထိုစကားကို မ,သိသလိုဘဲ ဟန်ဆောင်ကာ၊ အခန်းရှိရာဆီ ဆက်သွားဖို့ရန် ပြင်လိုက်တယ်။

"ရဲ သွေး ...!"

"..."

"ရဲ သွေး နီ ! မင်းမှာ နား,မပါဘူးလား? မိဘ ခေါ်တာကို တုံ့ပြန်ဖို့ ပါးစပ် မပါလာပြန်ဘူးလား?"

ထိုတော့မှ 'ရဲသွေးနီ' နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ခုလက်ရှိ သူ့ရှေ့မှာ ရဲဝန်ထမ်း ဝတ်စုံနဲ့၊ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့အဖေ ရှိတယ်။ စောနက သူ့ကို ဒေါသတကြီးနဲ့ လှမ်းအော်လာသူလဲ ဖြစ်တယ်။

အထက်တန်းကျောင်းသားတွေ ပုံမှန် ကျောင်းဆင်းတဲ့ အချိန်က ညနေ ငါးနာရီ။ သို့သော် သူ အိမ်ပြန်ရောက်ချိန်က ည ဆယ့်တစ်ခွဲ။ ဒီအချိန်ထိ ဘယ်သွားပြီး၊ ဘာလုပ်နေတယ်လို့ သူ့ကို မေးရင်၊ အထွေအထူး ဖြေစရာတော့ မရှိဘူး။ ညဉ့်ယံအချိန်အခါမှာ ပိုစည်ကားလေ့ရှိတဲ့၊ သွားနေကြ 'Homeless' ဘားဆိုင်ရဲ့ အနောက်ဘက် အခန်းဆီလို့ ပြန်ပြောမိမယ်။ ဒါပေမဲ့ အဲလို ပွင့်ပွင့်လင်းလင်းပြောလိုက်ဖို့က၊ အခု မေးလာတဲ့လူက သူ့အဖေ ဖြစ်နေခဲ့တယ်။

အဖေ သူ့ကို စိတ်တိုနေရတဲ့အကြောင်းကို 'သွေး' ကောင်းကောင်း သိတယ်။ ဒီချိန်ကြီး၊ ညဉ့်မိုးချုပ်မှ အိမ်ပြန်လာလို့ကော၊ ပြီးတော့ နာမည်ပြောင်းဖို့ ကိစ္စနဲ့၊ ရှေ့ရက်တွေမှာ စကား အခြေအတင် ဖြစ်ထားတာကြောင့်ရော ...

"ကျွန်တော့်ကို ကိုယ်ပိုင်အချိန်လေး ပေးပါအုံး အဖေ။ ဘယ်သွားသွား၊ ဘယ်လာလာ ကလေးတစ်ယောက်လို အကုန် လိုက်ပြောပြနေရမှာလား"

"ဘာ ....! !"

"ပြီးတော့ အဖေတို့ ခွင့်ပြုပြု၊ မ,ပြုပြု ကျွန်တော့် နာမည်ကို ပြန်ပြောင်းတော့မှာ"

စကား ဆုံးတဲ့နောက်၊ အဖေက စိတ်တို၊ ဒေါသထွက်ရလွန်းတဲ့ပုံစံဖြင့်၊ မျက်ထောင့်နီကြီးနဲ့သာ စိုက်ကြည့်နေခဲ့သည်။ 'သွေး' ဒါတွေကို အာရုံ မစိုက်နိုင်ပေ။ သူ့အသက် ဆယ့်ခြောက်နှစ် ပြည့်ပြီးပြီ။ ခုချိန်ထိ မိဘအရိပ်ကနေ မရုန်းထွက်နိုင်သေးသော်ငြား၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ အရွယ်တော့ရောက်ပြီ။ ဒါကြောင့် ရှေ့လျှောက် သူ လုပ်ချင်တာကိုဘဲ ဆက်လုပ်ဖို့၊ ဆုံးဖြတ်ထားတယ်။ ဘယ်သူမှ အားမပေးကြလဲ ကိစ္စ မရှိဘူး။ ဒါက သူ့ဘဝ၊ သူ့ကိစ္စမို့ပင်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Dove le storie prendono vita. Scoprilo ora