12. Black Jacket

123 5 0
                                    

"Jake ကလေး အိမ်ပြန်ရောက်ပြီ"

"အင်း"

ရဲစခန်းမှ အိမ်သို့ခေါ်လာရာ လမ်းတစ်လျှောက် Jake Frenzo ဟာ အသက်မရှိတဲ့ လူပမာ။ ကေဒင်ဇိုင်းရဲ့နံဘေးမှ 'အင်း' တစ်လုံးထဲဆိုကာ ကားတံခါးဖွင့်ဆင်းသွားတဲ့အထိ တိတ်တဆိတ် လိုက်ကာ အကဲခတ်နေမိတုန်း။

"JAKE ... ဘာဖြစ်နေတာလဲ?"

ကားနောက်ခန်းမှ ရဲသွေးရဲ့ စကားသံထွက်လာသည်။ အဲမေးခွန်းကို အဖတ်လုပ်ပြီး ပြန်ဖြေဖို့ထိ ကေဒင်ဇိုင်း စိတ်မဝင်စားပေ။ သူတောင် တစ်လမ်းလုံး Jake ရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ လာခဲ့ပေမဲ့၊ ဘာဖြစ်နေမှန်း လုံးဝ မခန့်မှန်းနိုင်တဲ့ အနေအထား။

ကေဒင်ဇိုင်းကို စိတ်ဆိုးနေတဲ့ပုံလဲ မပေါ်၊ ဒေါသထွက်နေတဲ့ပုံလဲ မပေါ်။ ဒါ့အပြင် လာကြိုရာလမ်းမှာ ရဲသွေးပါ လိုက်ပါလာတာနဲ့ပတ်သက်ပြီးတော့လဲ မေးခွန်း ထုတ်လာခြင်း မရှိ။

"သွေး ... အရင်ဆင်းပြီ"

ရဲသွေးက ကားပေါ်မှ အရင်ဆင်းသွားသည်။ သူကတော့ ဆင်ဝင်ရှေ့မှာ ကားပါကင်ထိုးနေရင်း၊ ရဲသွေးတစ်ယောက် Jake ရဲ့လက်မောင်းကို ဆွဲလိုက်တာ၊ စကားတွေ တတွတ်တွတ်ပြောနေတာကို အကဲခတ်နေလိုက်သည်။ ထို့နောက် သူပါ ကားပေါ်မှ ဆင်း၍၊ အိမ်ရှေ့ဆင်ဝင်ရှေ့သို့ လမ်းလျှောက်လာစဉ်တွင် ...

"Jake ... ဟင့် မင်း ငါ့ကို စိတ်ဆိုးနေတာလား"

"..."

"ငါ .. ငါ တမင် လုပ်တာ မဟုတ်ပါဘူး။ တကယ်ပါ။ တကယ် ပြောတာပါ။ ဓာတ်ခွဲခန်း ရလဒ် ရ,ရချင်းဘဲ မင်းဆီ အပြေးလာမလို့ကို။ ငါ့အဖေ ရှာတွေ့သွားခဲ့လို့။ အဲ...အဲဒါကြောင့် ..."

Jake Frenzo က ဘာစကားတစ်ခွန်းမှ မပြောပေ။ ဆွဲထားတဲ့ ရဲသွေးရဲ့လက်တွေကို အသာလေးဘဲ ဆွဲဖြုတ်လာခဲ့သည်။ ပုံမှန်ထက် ညိုးနွမ်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့၊ ရဲသွေးတို့ဘက် လှည့်ကြည့်လာခဲ့ပြီး ...

"အင်း ငါ နားလည်ပြီ"

"ဟင်? မင်း ဘာ .. ဘာနားလည်သွားတာလဲ?"

ထို့သို့မေးတော့ Jake က စိတ်မပါ၊ လက်မပါ ပြုံး၍ ခေါင်းခါယမ်းပြလာတယ်။ ကေဒင်ဇိုင်း စိတ်ထဲ တမျိုးဘဲ ခံစားလာရတယ်။ ခုလက်ရှိ Jake Frenzo က ပုံမှန် မဟုတ်နေဘူး။ ပုံမှန်လဲ ငြိမ်သက်တိတ်ဆိတ် နေတတ်တဲ့ ကလေးဆိုပေမဲ့၊ ကြည်လဲ့လဲ့ မျက်ဝန်းတွေက တတ်ကြွ၊ တောက်ပနေတတ်သေးသည်။ ခုတော့ မျက်ဝန်းလဲ အသက်မပါ၊ လူလဲ အသက်မပါ၊ တုံ့ပြန်မှုတွေက ပုံမှန်နဲ့ကို မတူဘူး။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now