36. Regret It

98 4 0
                                    

"Jake ..."

"..."

"J a k I e"

"..."

"Jake Frenzo"

"..."

နောက်ဆုံးသော သုံးခေါက်မြောက် နာမည်,ခေါ်အပြီးမှာ 'ဟင်း' ခနဲ မြည်သော သက်ပြင်းရှည်တစ်ချက်က အခန်းထဲတွင် ပျံ့လွင့်လာခဲ့သည်။ ဤနေရာမှာ ဖရန်ဇို မိသားစု၏ခြံဝင်း၊ Jake Frenzo ရဲ့ အိပ်ခန်း ဖြစ်သည်။

ကုတင်နံရံကို ကျောမှီလျက်၊ ဒူးနှစ်ဖက်ပေါ် မျက်နှာ မှောက်ချကာ၊ ခေါ်နေတာကို လုံးဝ မကြားတဲ့အလား၊ ပြန်မထူးတဲ့ Jake ကိုကြည့်ရင်း၊ ကေဒင်ဇိုင်းလဲ ငြိမ်သက်နေမိသည်။ သူ ဒီအခန်းထဲသို့ ရောက်သည်မှာ သုံးနာရီကျော် ကြာပြီ။ ရောက်တည်းကနေ ခုထိ Jakie က ထိုပုံစံအတိုင်း မလှုပ်မယှက် ထိုင်နေသလို၊ သူသည်လဲ နံရံကို မှီလျက် ထိုနည်းလည်း၎င်း။ ကေဒင်ဇိုင်း လက်ပိုက်၍ သေချာ စဉ်းစားနေမိသည်။

Jake Frenzo နဲ့ သူဟာ ဘယ်ရထားမှ စ၍ စတင်,လွဲချော်ခဲ့လေသလဲ ?

သူ Jake ကို ချစ်တယ်။ ဒါကို Jake လဲ သိတယ်။ သို့သော် ကလေးရဲ့နှလုံးသားကတော့ သူ,မဟုတ်တဲ့ တခြားတစ်ယောက်ကို အပိုင်,ပေးထားလျက်သားပင်။

ငြိမ်သက်,တိတ်ဆိတ်စွာ မျက်နှာမှောက်ချပြီး ထိုင်နေတဲ့ Jake Frenzo က ခု တစ်ကိုယ်လုံးမှာ အင်ပြင်လို အနီရဲရဲ အကွက်တွေ ထနေခဲ့သည်။ ဖြူဖွေးတဲ့ အသားအရေအပေါ်မှာ လုံးဝ ကြည့်မကောင်းစွာပင်၊ သွေးစထွက်နေတာ၊ အသားအရေ လန်နေတာ၊ ကုတ်ရာ၊ ခြစ်ရာများဖြင့် အများအပြား။ ဒီဒဏ်ရာတွေက တမန်နေ့က ကေဒင်ဇိုင်း လာတုန်းက Jake ခန္ဓာကိုယ်ပေါ်မှာ မ,ရှိခဲ့ပေ။ ယနေ့မှပင် ဤသို့ တွေ့ရခြင်းပင်။

ဒီနံနက်မှာ အန်တီ ချယ်ရီက သူ့ကို ဖုန်းဆက်လာခဲ့တယ်။ Jake က ကိုယ့်အသားရေကို ပြန်ကုတ်ဖဲ့နေတာမှာ မ,ရပ်လို့၊ တားနေတာကိုလဲ မကြားသလို နားမထောင်နေလို့၊ ကူညီပြီး ပြောပေးဖို့ အိမ်လာခဲ့ပေးပါအုံးတဲ့။ အဖြစ်အပျက် အလုံးစုံကို မသိလောက်တဲ့ အန်တီချယ်ရီမှာ ရုတ်တရုက်ကြီး Jake က ခုလို ထဖြစ်လို့၊ ပုံမှန်ထက်ပို စိတ်ပူကောင်း စိတ်ပူနေလိမ့်မယ်။ သို့သော် အဖြစ်အပျက် အလုံးစုံကို သိနေတဲ့ သူကတော့ Jake Frenzo ဘာကြောင့် ဒီလို ဖြစ်နေရလဲ? သိနေခဲ့သည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Tempat cerita menjadi hidup. Temukan sekarang