32. We Can't be Lover

86 8 0
                                    

.
.
.
"မတွေ့တာ ကြာပြီနော် ... မြူနှင်းပိုပို"

"အဟက် .. အသံ ထွက်လာလို့ တော်သေးတာပေါ့။ ငါက နင် တစ်သက်လုံး သေ,ဟန်ဆောင်နေတော့မလားလို့လေ"

မြူနှင်းပိုပို,က အချုပ်ခန်းထဲသို့ ဝင်ရောက်လာသည်။ ခြေရောလက်ပါ သံကြိုးနဲ့ချုပ်နှောင်ခံထားရတဲ့လူကို သေချာ စူးစိုက်ကြည့်သည်။ မျက်ဝန်းတွေက ညိုမဲလို့၊ ဖြုစွတ်တဲ့ အသားအရေမှာ သိသိသာသာကို ပန်ဒါကွင်းများ ဖြစ်ပေါ်နေသော်ငြား၊ မျက်ဝန်းများကတော့ စူးရှလို့ပင်။

ဒီလိုလူက အသိစိတ် ပျောက်နေတယ်တဲ့လား။ ကြည့်ရတာ အရင်တုန်းကလိုပင် 'ထိုက်' တစ်ယောက် အလင်္ကာမောင်ရဲ့ ထောင်ချောက်ထဲမှာ ဖမ်းမိသွားပြီထင်။ တွေးရင်းနဲ့ပင် အကြည့်တွေက ရေတွေစိုရွှဲကာ စေးထုပ်နေတဲ့ ကျောလယ်လောက်,ဆံပင်ရှည်တွေကို မြင်တော့ မြူနှင်းပိုပို ထံမှ ...

"ငါ သိချင်တာလေး တစ်ခု စပ်စုပါရစေအုံး။ ကျောင်းပြီးတော့ နင် အမေရိကန်စစ်တပ်ထဲ ဝင်သွားခဲ့တာမလား"

"ဘယ်လို သိတာလဲ?"

"ဟွန့် ... နင်တို့အဖွဲ့ထဲက 01 ဆိုလား? အဲလူက ခနခန ငါတို့ဓာတ်ခွဲခန်းဆီလာတယ်။ သူ့နောက်ကနေ နင် လိုက်လာတာ ငါ မြင်ဖူးလို့"

"ဟက် ... ဒါဆို ရွှေရည်ဝင်းထိုက်ကို ငါက လက်ရွေးစင်တပ်ဖွဲ့ကပါဆိုတာ ပြောပြလိုက်တာ နင်,ပေါ့။ ကျောင်းတုန်းကလိုဘဲ အကျင့်,မကောင်းတာလေးက မပျောက်သေးဘူး"

"ဟဲ့ ... ဂျုးအလင်္ကာမောင်! ငါ စကားပြောတာလေး အရင် ဆုံးအောင် နားထောင်ပါအုံး။ စကားကို ဆုံးတဲ့အထိ နား,မထောင်ပေးတာကတော့ နင်တို့လင်,လင်နှစ်ယောက်က အမြဲတူ"

"ထွီ .... ! ငါ့ကို သူနဲ့ ခိုင်းနှိုင်း မပြောနဲ့! အဲလို ဖောက်ပြန်တတ်တဲ့ ကောင်နဲ့ ..."

"..."

နာကြည်းစွာနဲ့ ပြောလာတဲ့ အသံကို ကြားပြီး၊ မြူနှင်းပိုပို,ရဲ့ မျက်နှာမှာ ရွဲ့စောင်းသွားခဲ့သည်။ ပုံမှန်ဆို သူ(မ)က သွေးအေးတဲ့အထဲ ပါသည်။ မလိုအပ်ဘဲ စကား သိပ်မပြောတတ်ပေ။ သို့သော် ဒီလင်,လင်အတွဲနဲ့ ပတ်သက်လို့ကတော့ မပါချင်လဲ ဝင်,ဝင်ပါရသည်မှာ ခုမှ မဟုတ်၊ ဟိုး ကျောင်းတက်တဲ့အချိန်တွေတည်းကပင်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now