39. Die For U

132 8 2
                                    

'ဗွမ်း ............ !'
.
.
.

ဟိုတယ်အခန်း 808. ရှစ်ထပ်မြောက်မှ လူနှစ်ယောက် ပင်လယ်ထဲ မ,ပြုတ်ကျခင် နာရီဝက်အလို။

Jake Frenzo က အမေဖြစ်သူရင်ခွင်ထဲမှ ထွက်ကာ ကုတင်ပေါ်မှ ဆင်းသည်။ တစ်နေ့ထဲမှာတင် ချစ်ရသူရဲ့ အမျိုးမျိုးသော စိတ်ဒုက္ခပေးခြင်းကို ခံခဲ့ရပြီးတဲ့နောက်၊ ဆယ့်ခြောက်နှစ်အရွယ် မြီးကောင်ပေါက်,ကောင်လေးက အချိန်ပိုင်းတွင်းမှာတင် ရင့်ကျက်သွားသယောင်ယောင်။ ပါးပြင်ထက်မှမျက်ရည်စတွေက ခြောက်သွေ့သွားပြီဖြစ်ကာ၊ အတိုင်းထက်အလွန် ငိုကြွေးခဲ့မှုကြောင့် မျက်နှာပြင်အသားအရေမှာ မာတင်းလျက်နေသည်။

အသက်မဲ့တဲ့မျက်ဝန်းများနဲ့ ဝရန်တာအပြင်ဘက်ကို ငေးကြည့်နေတဲ့ ကောင်လေးရဲ့နှုတ်ခမ်းထက်မှာ အပြုံးနုနုတစ်ခုကတော့ ခိုတွဲလျက်သား။ အရာအားလုံးကို သိနားလည်သွားပြီးတဲ့နောက်၊ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်၊ သူ့စိတ်တွေက ပေါ့ပါးသွားခဲ့သည်။ မား ဝတ်ပေးထားခဲ့တဲ့ အနွေးထည်မှာ Jake ရဲ့ပေါင်လယ်ထိသာ ရှည်သည်။ ခြေဖဝါးနုနုတစ်စုံနဲ့ ဖွေးအုနေတဲ့ ပေါင်တံတစ်စုံမှာ အနီရင့်ရောင်အရိပ်များက ထပ်ဟပ်လို့နေလျက်။

"ဟ ~ဟ"

တစ်ကိုယ်လုံးကို ငုံ့ကြည့်နေရင်းမှ Jake ရဲ့နှုတ်ဖျားမှ ခပ်တိုးတိုး ရယ်သံက ထွက်ကျလာခဲ့၏။

သူ့ခန္ဓာကိုယ်က မ,သန့်ရှင်းတော့ပါ။ သန့်စင်လွန်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ နာမည်မှည့်တွင်ခဲ့တဲ့ 'သန့်သုတ' ဆိုတဲ့ သူ့နာမည်။ ဤနာမအရလဲ သူ့စိတ်တွေက မဖြုစင်တော့ပါ။

မားက ပြောဖူးတယ်၊ ဘယ်လို ဆိုးရွားတဲ့အခြေအနေမျိုးဘဲ ရောက်ရောက် ကိုယ့်ကိုကိုယ် သတ်သေတာမျိုး၊ ဒီဘဝကို လက်လွှတ်တာမျိုး မလုပ်ရဘူးတဲ့။ ဗုဒ္ဓဘာသာ အယူအရဆို ဒီဘဝမှာ ကိုယ့်ကိုကိုယ် သတ်သေလိုက်လျှင်၊ အဖန်ငါးရာ ငါးကမ္ဘာလုံး ဒီလို သေပုံသေနည်းနဲ့ဘဲ ထပ်ခါ,ထပ်ခါ ကြုံတွေ့ရလိမ့်မယ်တဲ့။ Commit Suicide ဆိုတာ ဘယ်လိုမှ မ,လုပ်သင့်တဲ့အရာတဲ့။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now