22. He love when I'm submissive

116 7 0
                                    

ဆာခရာမန်တိုမြို့၊ ဂျပန်စတိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ခြံဝင်းတစ်ခုတွင်။

ယုကတ (Yukata) တစ်ထည်ကို လျော့ရိလျော့ရွှဲ၊ ဝတ်ဆင်ထားသော၊ ခပ်လတ်လတ် အသားအရေရှိတဲ့ လူတစ်ဦး။ ထိုလူက ရင်ဘတ်ဟပြဲဝတ်ရုံနဲ့ပင် ခြံဝင်းထဲရှိ ချောင်ကျကျ တစ်နေရာသို့၊ သွားနေလေသည်။ လမ်းတစ်လျှောက်ရှိ အနက်ရောင်ဝတ်လူများက ထိုလူ့ကို ဦးညွှတ်အရိုအသေပေးကြပြီး၊ လမ်းဖယ်ပေးကြသည်။

ဒီလိုနဲ့ အတွင်းကျဆုံး နေရာတစ်နေရာသို့ အရောက်၊ အလှဆင်စားပွဲအောက်မှ ကြိုးတစ်ခုကို ဆွဲလိုက်သော်၊ မြေအောက်ခန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုမှ မြေအောက်ခန်းဆီသို့ သွားရာ လှေကားမှတစ်ဆင့်၊ အောက်သို့ ဆင်းလာပြီးနောက် ...

"တံခါးဖွင့်"

၎င်းစကားသံကြားပြီးနောက်၊ မြေအောက်ခန်းစောင့်က အချုပ်ခန်းတံခါးကို ဖွင့်ပေးလာသည်။ အချုပ်ခန်းထဲတွင်မူကား၊ လက်နှစ်ဖက်ကို အခန်းထောင့်တစ်နေရာမှ ကြိုးဖြင့်၊ တုပ်နှောင်ခံထားရသော လူတစ်ယောက် ရှိနေသည်။ အချုပ်ခန်းထဲမှလူက မေ့မျောနေပုံဖြင့်၊ လက်နှစ်ဖက်က တုပ်နှောင်ခံလျက်သား၊ ဒူးနှစ်ဖက်ထောက်လျက်သားဖြင့်၊ ခေါင်းငိုက်စိုက်ကျလို့နေသည်။

"ရေနဲ့ ပက်လိုက်"

ဝင်လာသောသူက ထိုသို့ လှမ်းပြောသည်။ အချုပ်ခန်းစောင့်တွေကလဲ ချက်ချင်း နာခံသည်။

'ဗွမ်း ! ! !'

အချုပ်ခန်းတွင်း ရေများ ပြန့်ကြဲသွားသည်။ အချုပ်ခန်းထဲမှ လူကိုလဲ ရွှဲရွှဲစိုသွားစေသည်။ ထိုတော့မှ မျက်နှာတစ်ပြင်လုံး ရေတွေရွှဲစိုနေသောလူမှာ မျက်လုံးများ ပွင့်လာခဲ့သည်။ မျက်စိရှေ့တည့်တည့် ယုကတ ဝတ်ရုံကို ရင်ခွဲဝတ်ထားပြီး၊ လှောင်ပြုံးဖြင့် ရပ်ကြည့်နေတဲ့ လူတစ်ယောက်ကို မြင်သော်၊ နှုတ်မှ ဒီလို တီးတိုး ခေါ်သံ ထွက်ကျလာသည်။ ထိုအမည်,နာမက ...

"ရွှေ ရည် ဝင်း ထိုက် ?"

မဝံ့မရဲနဲ့ မ,သေချာဟန်၊ ဖျော့တော့နေတဲ့ ခေါ်သံကိုကြားသော်၊ 'ထိုက်' က မျက်မှောင်ကြုတ်လာသည်။ ဒါ့အပြင် ကျစ်ခနဲ စုတ်သပ်ကာ၊ အနှီနာမည်နဲ့ ခေါ်သံကို မကြိုက်တဲ့ဟန် ပြသည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Wo Geschichten leben. Entdecke jetzt