29. Meeting with Terrorists

81 6 0
                                    

အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တော်။

ဂျစ်ကားတစ်စီးက နယူးယောက်မြို့လယ်ရှိ၊ အနည်းငယ် ရှေးဟောင်းကျသော အဆောက်အဦးရှေ့တွင် ထိုးရပ်လာသည်။ ကားပေါ်မှ လူနှစ်ယောက်မှာ တံခါးဖွင့်ပြီး မ,ဆင်းခင်တွင် ...

"ဟွန့် ... ကားပေါ်မှာ သား တစ်ယောက်တည်း ထိုင်,စောင့်နေရမှာလား? အဲဆိုလဲ အစတည်းက သားကို မခေါ်လာနဲ့ပေါ့"

"စခန်းမှာတုန်းက မင်းဘဲ ပြောတော့ ပျင်းတယ်ဆို"

"အဲဒါ ဟုတ်တယ်လေ။ ပျင်းတယ်ဆိုတာထက် သားက ခေါင်းဆေးချင်လို့ပါ"

"..."

"ကို 013 ရေးခဲ့တဲ့ ကုဒ်တွေဖတ်ပြီး၊ သား တအား ခေါင်းမူးတာဘဲ။ ခု နောက်ဆုံး ဝှက်စာ ဖြေဖို့ဘဲ ကျန်တော့တယ်။ ဒါမဲ့ အဲဒါ ကိုဖြေဖို့က ဆယ်ရက်တောင် ကြာပြီ။ သား လုံးဝ နားမလည်နေဘူး"

"..."

"ဟူး .... သား အရမ်း ညံ့တယ် နော်? ကိုကြီး"

စိတ်ပျက်လက်ပျက်နဲ့၊ နှုတ်ခမ်းလေးကို ရှေ့သို့စူကာ လေပူတစ်ရှိုက်ကို မှုတ်ထုတ်လာတဲ့ ကလေးငယ်။ ယနေ့မှာ ဖရန့်လူးကပ်စ်နဲ့ မြို့ထဲ လာဖို့ရန်၊ Jake Frenzo က အပီအပြင် ရှိုင်းကာထားသည်။ ဒူးအထက် အနက်ရောင်ရှော့ပန်နဲ့၊ အဖြုရောင်တီရှပ်ကို ဘောင်းဘီကြိုးသိုင်းနဲ့ ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်မှာတော့ ဦးထုပ်ဝိုင်းလေးကို ဆောင်းထားသည်။ စခန်းသို့ရောက်ပြီးတဲ့နောက် အချိန်တိုင်းလိုလိုမှာ ဖရန့်လူးကပ်စ်ရဲ့အဝတ်တွေကို မတော်တရော် ဝတ်နေခဲ့ပြီး၊ ခုက ပထမဆုံးအကြိမ်အဖြစ် 01 ကို ဝယ်ခိုင်းထားတဲ့ အဝတ်တွေကို ဝတ်ဆင်ထားခြင်း။

ကောင်လေးက အလှအပ အင်မတန် ကြိုက်သည်။ အဲဒါကို သိတဲ့ ဖရန့်လူးကပ်စ်က Jakie သုံးတတ်တဲ့ စကင်ကဲ အစုံအလင်ကို ဝယ်ပေးထားရသည်။ နေ့တိုင်း ရေမချိုးမှီဆို brush တွေ၊ Razor 🪒 တွေနဲ့ ဘာတွေ အလုပ်ရှုပ်နေမှန်း မသိ။ ဒါ့အပြင် Jake Frenzo ရေချိုးလျှင်လဲ သူတို့နဲ့ မတူ၊ အနည်းဆုံး တစ်နာရီလောက်တော့ ကြာသည်။ ရေချိုးပြီးလျှင်လဲ ထိုမျှနှင့် မပြီးသေးပေ။

ဒီရောက်ပြီးမှ သူတို့ကို ပူဆာပြီး ထပ်ဝယ်ခိုင်းတဲ့ Mask တွေဆိုတာ။ ဘာတဲ့။ Sheet Mask, Face Mask, Hand Mask, Foot Mask, Body Mask စသဖြင့် အမျိုးမျိုးသော စကင်ကဲ မက်စ်များကို ဝယ်ပေးဖို့ ပူဆာတယ်တဲ့။ ထိုတော့မှ စကင်ကဲ လုပ်တဲ့မက်စ်က အမျိုးအစားပေါင်း သောင်းခြောက်ထောင်ရှိတယ်ဆိုတာ သူလဲ သိသွားရသည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Dove le storie prendono vita. Scoprilo ora