16. Ambivalence

133 6 0
                                    

Jake က ဘာမှ ပြန်မပြောပေ။ ကေဒင်ဇိုင်းကလဲ ထိုအသေးအမွှားကစ ချော့မော့ပြောဖို့ အာရုံ မရပေ။ ကုတင်ထက်မှာ Jake Frenzo ကို ချပြီးတာနဲ့၊ အပြင်ဘက်သို့ ခြေလှမ်းကြဲကြီးဖြင့် ထွက်လာခဲ့လိုက်၏။

ကုတင်ထက်မှ Jake ကတော့ ချပေးခဲ့တဲ့အတိုင်း လဲလျောင်းလျက်သာ။ ကောင်လေး၏ အကြည့်တွေက ဘာခံစားချက်မှ မရှိနေဘဲ၊ ဗလာမျက်ဝန်းတွေနဲ့ မျက်နှာကြက်ကို ငေးကြည့်နေတယ်။ အခု သူ့ခန္ဓာကိုယ်မှာ ရေချိုးဝတ်ရုံကလွဲပြီး၊ ကျန်တဲ့ အဝတ်အစား မရှိဘူး။ ဒီပုံစံနဲ့ဘဲ ရှစ်ထပ်တစ်ထပ်လုံးနဲ့၊ အရေးပေါ်လှေကားထိကို ရောက်ခဲ့သေးတယ်။

ဘယ် တတ်နိုင်ပါ့မလဲ ?

ခုလက်ရှိ Jake တတ်နိုင်တာလဲ ဘာမှ မရှိနေဘူး။ ဒီဆေးရဲ့အရှိန်က ဘယ်ချိန်မှ ပြေမလဲ? Jake မသိဘူး။ အပြင်ဘက်မှာ သေနတ်သံတွေက တဒိုင်းဒိုင်းနဲ့ ဆူညံနေတယ်။ ဒီလောက်တောင် နီးကပ်လာတဲ့ အသံ အနေအထားအရ၊ ရှစ်ထပ်မှာပါ တိုက်ပွဲ ဖြစ်နေသလိုဘဲ။

ကိုကို ... ထွက်သွားတာလဲ တော်တော်ကြာပြီ။ အဆင်ပြေနေပါ့မလားဘဲ။ အမှန်တော့ Jake ကိုကို့,ကို တော်တော် အားနာနေတယ်။ ကေဒင်ဇိုင်းက မသိပေမဲ့၊ ဒီနေ့မှာ ကိုကိုနဲ့ယှဉ်ရင်၊ ကိုကြီးကို ရွေးချယ်ခဲ့တာ Jake ကိုယ့်ကို အသိဆုံးဘဲ။ ဒါတောင် ကိုကိုက သူ့ကို လာကယ်ဖို့ ကြိုးစားခဲ့သေးတာ။

'ဟူး'

ဟိုတယ်ခန်းလေးထဲ Jake ရဲ့ သက်ပြင်းမှုတ်ထုတ်သံက လေးပင်စွာ ထွက်ပေါ်လာခဲ့တယ်။ ထူးထူးဆန်းဆန်းဘဲ ဒီသက်ပြင်းတစ်ချက်နဲ့တင် Jake စိတ်တွေ ပေါ့သွားစေတယ်။ အပြင်မှာ မူးယစ်ဂိုဏ်းက လူဆိုးတွေ ရှိနေတယ်။ အဲလူတွေ ဒီဝင်လာရင် Jake ဘဝပျက်မယ်ဆိုတာကိုလဲ သိတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းဘဲ Jake စိတ်တွေ တအား ပေါ့ပါးနေတယ်။ ဒီနေရာမှာ သေချင်သေသွားပါစေ၊ ကိစ္စ မရှိတော့ဘူး ဆိုတဲ့စိတ်နဲ့ပေါ့။

အချိန်တွေက အတန်ကြာအောင် ဖြတ်သန်းသွားတယ်။ Jake မျက်ဝန်းတွေ မှိတ်လုမှိတ်ခင်,ဖြစ်ပြီး၊ အိပ်ပျော်တော့မဲ့ အချိန်မှာဘဲ ...

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now