6. This Night is Cold as Always

152 8 2
                                    

"ကိုကြီး ..."

ရုတ်တရက်ကြီး ကောင်လေးက Frank Lucas ရဲ့အနားသို့ ရောက်ရှိလာသည်။ သူ့အကျ်ီစ အဖျားကို အသာအယာဆွဲကိုင်ထားတဲ့ လက်ဖျားတွေက အနည်းငယ် တုန်ယင်နေသလို။

"ဘာလဲ? အဟွန်း ... မင်းရဲ့ကိုကို,လိုတော့ ငါ့အပေါ်မှာ အနုနည်း သုံးလို့ မရဘူးနော်။ ငိုပြလဲ မသနားတတ်ဘူး"

"မဟုတ်ဘူးလေ။ ဘာပစ္စည်းကို ရှာနေတာလဲ? သားကို ပြောပြ။ ဝိုင်းရှာပေးမလို့"

ပိုးစိုးပက်စက် အပြောခံထားရတဲ့ ဂျိတ်က ဒေါသမထွက်ရဘူး။ သူကဘဲ တဖန် အကြောတင်းပြနေတယ်။ အဲဒါကို စိတ်တိုပြီး အဖတ်မလုပ်ဘဲ ပစ်ထားမိရင် ထိုလူကြီး ဘာတွေ လုပ်နေလဲဆိုတာ သိရဖို့ ပိုအလှမ်းဝေးသွားလိမ့်မယ်။

သူ့ပေါ်ဆို သားအရင်းတစ်ယောက်လို ဂရုစိုက်ပြီး ချစ်ခင်တဲ့ အန်တီ ဘယ်လာရဲ့မျက်နှာကို မြင်ယောင်မိပြီး၊ စိတ်တွေကို လျော့ချလိုက်တယ်။

"ဘာ ပစ္စည်းလဲလို့။ ကိုကြီး ထွက်သွားတုန်းက အကုန် ယူသွားတာ မဟုတ်ဘူးလား။ ဘာ ကျန်ခဲ့လို့လဲ?"

ဒီဟိုတယ်ခန်းက တကယ်ကို VIP တွေ တည်းလေ့ရှိတဲ့အခန်း။ နှစ်ယောက်အိပ်ခုတင်ပါတဲ့ Suite Room တစ်ခန်းရယ်၊ တော်တော်လေး ကျယ်ဝန်းတဲ့ ဧည့်ခန်းရယ်၊ ရေချိုးခန်းရယ်နဲ့ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ဝရန်တာရှိတာက တော်တော် ပြည့်စုံတယ်။

Frank Lucas က Suite Room နဲ့ ကပ်ရပ်။ အပြင်ဘက်မှာရှိတဲ့ ဗီရိုရှိရာဆီ ဦးတည်သွားနေတယ်။ ထိုလူ့ အကျီစကို ဆုပ်ကိုင်ထားတဲ့ ဂျိတ်သည်လဲ ထိုလူကြီး ခြေရာအတိုင်း တရွေ့ရွေ့။

ကြာတော့ သူ ပြောတာကို တစ်စက်မှ အဖတ်မလုပ်တဲ့ ထိုလူကြီးကို Jake စိတ်တိုလာတယ်။ ဆွဲထားတဲ့ အကျီစကို အားပါပါ ဆောင့်ဆွဲပစ်လိုက်ပြီးမှ ...

"သား ပြောနေတာကို နားမလည်ဘူးလား? ကိုကြီးမှာ နားမပါဘူးလား?"

စိတ်ဆိုးနေတယ်ဆိုသော အသံက ကြောင်နာလေးတွေ ဂီဂီ လုပ်တတ်တဲ့အသံလို အသည်းယားဖွယ်ရာ အတိ။

Frank Lucas က ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်းပြီး ဗီရိုထဲက အမဲရောင်အိတ်ကို ညွှန်ပြလာတယ်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now