35. We don't gotta be in love

120 6 0
                                    

"ကိုကြီး ... သားကို ချစ်လား?"

Jake ကို အမှတ်,မရှိဘူး၊ သိက္ခာ မရှိဘူးလို့ လူတွေ ပြောရင် ပြောကြပစေ။ ဒီမေးခွန်းကို ထပ်ခါထပ်ခါ ဖန်တလဲလဲ Jake ပြန်,မေးနေမိသည်။ ဖရန့်လူးကပ်စ်နဲ့ သူက ညီအကိုအရင်းတွေ ဆိုတဲ့ အမှန်တရားက ဒီရက်ပိုင်းလေးတွင်းမှာတင် လက်ခံနိုင်ဖို့ရန် သိပ်ကို ခက်ခဲလှသည်။

ညီအကို အရင်းတွေ ဆိုတဲ့ သူတို့နှစ်ယောက် အိပ်ရာပေါ်မှာ အကြိမ်ကြိမ် လူးလိမ့်ဖူးကြသည်။ ကုဋေ ကုဠာ ထောင်သောင်း မကသော အနမ်းတွေကိုလဲ သူတို့ မျှဝေဖူးကြသည်။ စန်ခန်ရှိ လျို့ဝှက်စခန်းမှ လူအားလုံးကလဲ သူတို့နှစ်ယောက်ကို ချစ်သူတွေလို့ပင် တွေးထင်နေကြသည်။

ကိုကြီးသာ သူ့ကို တကယ် ချစ်,မယ်ဆိုရင် လူတွေအားလုံး ရွံရှာကြပစေ၊ ဝိုင်းဝန်း ပစ်ပယ်ကြပစေ၊ ရူးမိုက်တဲ့အလုပ်ကို ဆက်လုပ်ဖို့ရာ Jake အရဲစွန့်နိုင်သည်။ ကိုကြီး တစ်ယောက်အတွက်နဲ့၊ Jake အရာအားလုံးကို စွန့်ပစ်နိုင်တယ်။ စွန့်လွှတ်နိုင်တယ်။ သူ မွေးဖွားလာရာ ကယ်လီဖိုးနီးယား၊ ဆာခရာမန်တို၊ သူ့ရဲ့အိမ်မက်၊ သူငယ်ချင်း၊ သူ့ကို သိပ်ချစ်တဲ့ မိသားစု၊ မားမားနဲ့ ပါးပါး။ စသဖြင့် လူတွေအားလုံးကို ကျောခိုင်း၍၊ ကိုကြီး,တစ်ယောက်ကိုသာ ဦးတည်၍ သူ နေနိုင်တယ်။

Jake မျှော်လင့်မိတာက တစ်ခုတည်းသာ။
ကိုကြီးက သူ့အပေါ် တကယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်၊ သူနဲ့အတူ ဒီအခက်အခဲတွေကို အတူ ရင်ဆိုင်,ဖြတ်ကျော်ချင်စိတ် ရှိတယ်၊ ဆိုတာလေးဘဲ ဒီတစ်ခုကိုဘဲ Jake မျှော်လင့်မိတာပါ။ ကိုကြီးကို တောင်းဆိုချင်မိတာပါ။

စည်းစိမ် ချမ်းသာ,တွေ ဘာဆိုဘာမှ မလိုအပ်ဘူး။ အဲဒါတွေကို Jake မက်လဲ မမက်မောဘူး။ သူ,လိုချင်တာ ကိုကြီး အနားမှာ အတူတူ ရှိနေဖို့၊ ကိုကြီး သူ့ကို ချစ်ဖို့၊ သူ ချစ်တာကို လက်ခံပေးဖို့ ဒါဘဲ ဆန္ဒ,ရှိခဲ့တာပါ။

ခုမေးခွန်းကို ကိုကြီးဘက်က 'အင်း' လို့ဘဲ တစ်ခွန်းထဲ ပြောကြည့်။ ခုချက်ချင်းပင် သူတို့နှစ်ယောက်ရဲ့ DNA စာရွက်ကို မီးရှို့ဖျက်ဆီးပြီး၊ ကိုကြီး နောက်ကို လိုက်သွားမယ်လို့၊ သူ ဆုံးဖြတ်ထားတယ်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Où les histoires vivent. Découvrez maintenant