27. Backyard Secrets

94 4 0
                                    

.
.
.

"S U N K နဲ့ စတဲ့နေရာတွေ အကုန် ရှာကြည့်"

ဆာခရာမန်တိုမြို့၊ ဂျပန်စတိုင် ဖွဲ့စည်းတည်ဆောက်ထားသော နေအိမ်ဝင်းထဲတွင် ဖြစ်၏။ ယုကတ ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ အသားညိုဝင်းတဲ့ လူတစ်ယောက်။ ထိုလူက အခန်းထဲရှိ အနက်ရောင်ဝတ်လူများကို ဝေ့ကြည့်ကာ၊ အမိန့်ပေးသည်။ အနက်ရောင်ဝတ်လူများက သူတို့ ဒု,ဂိုဏ်းချုပ်ရဲ့ပြောစကားကို သေချာ နားထောင်နေကြသည်။

ခုလက်ရှိ ရွှေရည်ဝင်းထိုက်က တပည့်တွေရှေ့မှာ မာန်တင်းပြီး ထိုင်နေရသည်။ ဝတ်ထားတဲ့ စိမ်းရင့်ရောင် ယုကတ ဝတ်ရုံရဲ့အောက်၊ ဘာတွေ ရှိလဲ? သူတစ်ယောက်တည်းသာ သိသည်။ အောက်ပိုင်းမှ အရိအရွှဲတွေက ပေါင်ကြားတွေထဲ စီးကျနေကြသည်။ ထိုမှတဆင့် ထိုင်ခုံပေါ်ထိ မပေစေရန်၊ သူ ကြိုးစားပြီး ထိုင်နေရသည်။

'ဂျုးအလင်္ကာမောင်' ကို သူ လျော့တွက်သွားမိတယ်။ သူတို့ ဝေးကွာနေခဲ့တဲ့ နှစ်များအတွင်း၊ ဒီလူ ပြောင်းလဲလာတာလဲ ဖြစ်နိုင်တာဘဲလေ။ ဒါကို မတွေးမိဘဲ၊ ဆေးတွေရဲ့တည်နေရာကို သိရဖို့၊ သူ အရမ်းကို အရဲစွန့်သွားမိတယ်။ ဒါကြောင့် မ,ထင်ထားခဲ့တာတစ်ခုက အကျဉ်းခန်းထဲမှာ ဖြစ်ပွါးခဲ့တယ်။

နေ့လည် ဆယ့်နှစ်နာရီက CO Critical ကို လေးလုံးထက်ပိုအောင် ခန္ဓာကိုယ်ထဲ ထိုးသွင်းခဲ့တဲ့၊ 'ဂျုးအလင်္ကာမောင်' ရဲ့ ဆေးတောင်းချိန်ဖြစ်ပြီး၊ 'ထိုက်' အတွက်တော့ မဟုတ်ပါပေ။ သို့သော် ဘာကြောင့်ရယ် မသိ၊ ရလဒ်က တကယ်ကို ပြောင်းလဲသွားခဲ့တယ်။

သူတို့နှစ်ယောက် ခန္ဓာကိုယ်တွေ လုံးထွေးနေခဲ့တဲ့ တဒင်္ဂအထိ၊ 'ထိုက်' အသိစိတ် ရှိနေခဲ့တယ်။ သို့သော် နောက်ထပ် နာရီပိုင်းအကြာမှာ သူ့အသိစိတ်တွေ အမှောင်,လွှမ်းသွားခဲ့တယ်။ ခါတိုင်း ခံစားနေကြ ဝေဒနာများနဲ့ အတူ၊ သူ့ရင်ဘတ်က တင်းကြပ်ပြီး၊ အောင့်နေခဲ့တယ်။ သူ့အောက်ပိုင်းမှလဲ အရှိန်ပြင်းပြင်းနဲ့ တိုးဝင်လာနေတဲ့၊ ဝေလငါးရဲ့ အစိတ်အပိုင်းတစ်ခု ရှိတယ်။ လူတစ်ကိုယ်လုံးကို တုန်ခါနေအောင်၊ ယမ်းခါနေအောင် ကမူးရှုးထူးနဲ့ ဝင်လာတဲ့၊ ရိုင်းပြတဲ့ ဝေလငါးတစ်ကောင်ဘဲ။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Wo Geschichten leben. Entdecke jetzt