4. Nostalgia

129 7 0
                                    

"ဝွါးးးးးးး"

လှိုင်းပုတ်သံတွေဟာ တဝုန်းဝုန်း အော်မြည်နေသည်။ လာဂုနာ ကမ်းခြေရဲ့ နံနက်ခင်း နှုတ်ဆက်တေးသံပင်။

Jake အားရပါးရ သမ်းရင်းနဲ့ပင် မျက်လုံးတွေကို ပွတ်သပ်မိတယ်။ အိပ်ရာကိုသိမ်းပြီးတာနဲ့ ကိုယ်လက်ဆေးပြီး၊ အခန်းရှေ့သို့ ထွက်ဖို့ပြင်လိုက်တယ်။

"Frank ..."

"အဲလူကြီး ဘယ်ရောက်နေတာလဲ?"

ညက Frank Lucas ဖုန်းပြောမပြီးခင်မှာဘဲ Jake အိပ်ပျော်သွားခဲ့တာ။ ခု သူ့ကို တစ်ယောက်တည်း ချန်ထားခဲ့ပြန်တာလား? ဒီလူကြီးက ဘာကြီးလဲ ?

Jake ... စိတ်ပျက်ပျက်နဲ့ ခေါင်းခါရမ်းရင်းကပင် မာမီတို့ကို ဖုန်းလှမ်းဆက်လိုက်တယ်။ ထို့နောက် အောက်ထပ်မှာ ဆုံဖို့ပြောလိုက်တယ်။

လော်ဘီသို့ အရောက် ...

"သား ... Jakie ဒီကိုလာ"

အန်တီ ဘယ်လာနဲ့ မားမားက အချစ်ဆုံးသူငယ်ချင်းတွေလို့ လူတိုင်းသိအောင် ပြောပြချင်တာလား မသိ။ အရောင်ကွဲပေမဲ့ ဒီဇိုင်းတူတဲ့ ဆင်တူ ဂါဝန်ကို ဝတ်ထားကြတယ်။

အဖြုရောင်ပဝါကို ခေါင်းမှာ လှမ်းခြုံထားတဲ့ အန်တီ ဘယ်လာက ဂျိတ်ဆီ လက်လှမ်းပြလာတာကြောင့်၊ ထိုနေရာသို့ အပြေး သွားလိုက်တယ်။

"အန်တီ ဘယ်လာ ... သား ဗိုက်ဆာတယ်"

နှာခေါင်းရှုံ့ကာ ဗိုက်ဆာပါတယ် ပြောလာသူက Bella တို့ တစ်အိမ်လုံးရဲ့ ချစ်မွှေးလေးပင်။ အဖြုရောင် စတိုင်ပင်အတိုနဲ့ ရှပ်လက်တိုက 16 နှစ်အရွယ် ကောင်ငယ်လေး တစ်ကိုယ်လုံးကို ရိုးရှင်းစွာပင် တောက်ပခွင့်ပေးတယ်။

"... ဘာမှ မစားရသေးဘူးလား? လာ ... မာမီနဲ့ လိုက်ခဲ့။ မုန့် အရင် သွားစားကြမယ်။ ဒါနဲ့ သား .. ကိုကြီး ကော ?"

အန်တီ ဘယ်လာက ချက်ချင်းပင် သူ့အနားသို့ ရောက်လာပြီး စားသောက်ဆိုင်တန်းတွေ ရှိရာဘက်သို့ ဆွဲခေါ်သွားတယ်။ မားမားကတော့ ပါးပါးကို ဘာတွေ ပြောနေသည် မသိ။ နောက်မှ လိုက်လာမယ်ဆိုတဲ့အထာဖြင့် လက်လှမ်းပြတယ်။

အန်တီ ဘယ်လာရဲ့ အမေးကို တဒင်္ဂ Jake ဘာပြန်ဖြေရမှန်း မသိ။ တအောင့်ကြာတော့မှ ...

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now