38. That Cold Stare

93 4 2
                                    

ရင်ဘတ်အောင့်တယ်။ အသက်ရှု,ကြပ်တယ်။ ကြေကွဲကာ ဆို့နင့်နေတဲ့ နှလုံးသား တစ်စုံနဲ့ပင် ...

"ဘာ ... ဘာကြောင့် ခုလို လုပ်တာလဲ?"

လေထုက ရုတ်ချည်း တိတ်ဆိတ်သွားသည်။ အတန်ကြာအောင်ပင် ဖရန့် လူးကပ်စ်က ငြိမ်သက်နေခဲ့သည်။ တစ်ဖက်လူရဲ့အမူအရာကို Jake မခန့်မှန်းနိုင်ပေ။ ခုချိန်မှာ မျက်ရည်ကျရုံမှလွဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလဲ လှုပ်လို့ မရပေ။ ဒါကို ဖရန့် လူးကပ်စ်က ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့သည်။

Jake ကိုယ့်ကိုကိုယ် ရွံရှာလာသည်။ သူက မ,ချစ်သင့်တဲ့လူကိုမှ ချစ်မိသွား၍၊ ဤအချစ်ကြောင့်ပင် ဘဝလဲ ပျက်ရတော့မည်။ လူတစ်ယောက်ကို လွယ်လွယ် မ,ယုံဖို့၊ မားက သူ့ကို ဆုံးမခဲ့ဖူးသည်။ သို့သော် အကြိမ်ကြိမ်,အခါခါပင် သူက ဒီလူကို ယုံခဲ့မိသည်။ ဘယ်လောက်ဘဲ နာကျင်နေခဲ့ရပစေ၊ အမှတ် မရှိစွာဖြင့်ပေါ့။ ဒါပေမဲ့ ဒီခံစားချက်တွေက နက်ဖြန်လောက်ဆို မျောလွင့်သွားမဲ့ သူ့အသက်,ဝိညဉ်နဲ့အတူ၊ ပျောက်ဆုံးသွားစေရမယ်လို့ သူ ရည်ရွယ်ထားသည်။

လူးကပ်စ် ညီအကို နှစ်ယောက်နဲ့ မရှင်း,တရှင်း ဖြစ်နေခဲ့တဲ့၊ ကံဆိုးလှတဲ့ သူ့ဘဝ ဇာတ်ကြောင်းကို တွေးရင်း နာကျင်ရတယ်။ ကိုကြီးက သူ့ကို မ,ချစ်မှန်း သိရက်သားနဲ့၊ ဒီအချစ်က နာကျင်စေမယ်မှန်း သိ,သိရက်နဲ့၊ ရှေ့ဆက်တိုးခဲ့တဲ့ သူ့ကိုယ်သူလဲ ရွံရှာမိတယ်။

"မင်း ကျောင်းမှာ ဘိုင်အို (Bio) ဘာသာကို ယူထားခဲ့တာမလား?"

"...."

"သွေးအမျိုးအစားတွေနဲ့၊ သွေးနီဆဲလ် အလုပ်လုပ်ပုံ၊ သွေးအုပ်စု ဆက်ခံပုံ အကျဉ်းချုပ်လောက်တော့ သင်ခဲ့ဖူးမှာပေါ့"

"...."

"မှတ်မိသေးလား? မင်း အဖေ အူအတက်,ပေါက်ပြီး ဆေးရုံတက်တော့ သူနာပြုက ငါတို့ တစ်ယောက်ချင်းစီရဲ့သွေးအုပ်စုကို လာမေးခဲ့တယ်"

"..."

"ငါတို့ လူးကပ်စ် တစ်မိသားစုလုံးက B သွေးတွေဘဲ။ ဒယ်ဒီရော၊ မာမီရော၊ ငါရော အားလုံး B သွေး။ ဒါပေမဲ့ ကေဒင်ဇိုင်း တစ်ယောက်ထဲ A"

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now