Meaning 📚 Book

88 5 0
                                    

နောက်တစ်ပိုင်း မတင်ခင်၊ အရင်ဆုံး Addicted vs. Addictive ဒီစကားလုံးနှစ်ခုရဲ့ ကွာခြားချက်လေး ပြောပြပါရစေ။

'Even when the Night Changes' ကို ဖတ်နေပေးကြတဲ့ စာဖတ်သူတွေအတွက် ကျန်တာ အသုံးမဝင်ရင်တောင်၊ အင်္ဂလိပ်စာ ရဲ့ slang/ idiom/ phrase တွေနဲ့ပတ်သက်ပြီး၊ အသိညဏ်,သုတ တချို့ ရရှိသွားတယ် ဆိုရင်ဘဲ၊ ဒီလူ ပျော်ရွှင်ရပါမယ်။ ဒီခေတ် ကလေးတွေ တော်တော်များများက English ကောင်းပြီးသားမို့၊ ကိုယ့်ထက် E skill ကျွမ်းတဲ့ ကလေးတွေလဲ ရှိနေမှာပါ။ ဒါပေမဲ့ ဒီ Meaning Book ထဲမှာ ပြောပြပေးသွားမှာကတော့ တချို့ advanced English စာလုံးတွေနဲ့ မရင်းနှီးတဲ့၊ ညီမလေး၊ ညီလေးတွေ အတွက် ရည်ရွယ်မှာပါ။ ဥပမာ;

4. Nostalgia
* လွမ်းဆွတ် တမ်းတခြင်း *

I miss you လို့ ပြောနေကြ 'Miss' လွမ်းတယ်ဆိုတဲ့ စကားနဲ့ လုံးဝ မသက်ဆိုင်ပါ။ အတိတ်နဲ့ပတ်သက်ပြီး၊ တခုခုကို အောက်မေ့,သတိရတယ်။ တခုခု၊ တစ်စုံတစ်ယောက်ကို လွမ်းဆွတ် တမ်းတတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
.
.

11. All Clouds in me are raining
* ပူဆွေးဝမ်းနည်းမှုတွေကို လွှတ်ချခြင်း (ခ) ထုတ်ဖော်ပြောဆိုခြင်း *

ဒီ phrase မှာ Clouds ဆိုတာက လူတစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးမှု၊ ပင်ပန်းမှုတွေကို ရည်ညွှန်းတယ်။ raining ဆိုတာက တိုက်ရိုက် ဘာသာပြန်ရရင်၊ လွှတ်ချလိုက်တော့မယ်၊ ဖွင့်ချလိုက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်။ တနည်းအားဖြင့် တခွန်းတည်းပြောရရင် 'I am very sad' အရမ်းဝမ်းနည်းနေပြီ ဆိုတဲ့ အဓိပ္ပာယ်။
ch-11 မှာ Jake Frenzo က သူတခါမှ သိနားမလည်ခဲ့တဲ့ 'အချစ်' ဆိုတာကို ခံစားမိပြီး၊ Frank Lucas ကို ချစ်နေမိပြီဆိုတာ သိသွားတဲ့အချိန်၊ ဖရန့်ရဲ့ စကားတွေကြောင့် ဝမ်းနည်းသွားရတဲ့အချိန်၊ ဒါတွေကို ရည်ရွယ်ပြီး၊ ဒီ title ပေးထားခဲ့တာပါ။
.
.

13. I can't afford love
* It means loves and cares for you, but doesn't want to be in a relationship with you *

Ch 13 အဆုံးမှာ ရှင်းပြခဲ့သလိုပါဘဲ။ အပြင်မှာတော့ တကယ် သွားမပြောကြပါနဲ့။ အခန့်မသင့်ရင် ပါးရိုက်ခံထိမယ် 😅 တဖက်လူရဲ့သူငယ်ချင်းကအစ အားလုံးရဲ့ မေတ္တာပို့ခြင်းကို ခံရမယ်။ ဒါ တကယ်ကို shock ရှိတဲ့စကားလုံးမို့၊ သတိထားပါ 🙂
.
.

16. Ambivalence
* တစ်စုံတစ်ခု၊ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး၊ ရောထွေးနေတဲ့ စိတ်ခံစားချက် *

Uncertainty နဲ့ အဓိပ္ပာယ်တူတဲ့ advanced English စာလုံးပါ။ လူတစ်ယောက်ကို ချစ်နေတယ်၊ ပြီးတော့ မုန်းတယ်၊ အဲဒီ ခံစားချက်နှစ်ခုက တပြိုင်နက်တဲ ဖြစ်နေတာမျိုးဆို ဒီစာလုံး သုံးလို့ရပါတယ်။ ch-16 က Jake ရဲ့ခံစားချက်အတိုင်းပါဘဲ။
.
.

17. One Night Engagement
* တညတာကြာမြင့်တဲ့ လိင်စိတ်ခံစားမှု *
One Night Stand = One Night Engagement

One Night Stand ကို မြန်မာလို ဘယ်လို ပြောရလဲ? ကိုယ်က မြန်မာစာ သိပ်မကျွမ်းတော့ မသိဘူး။ ဥရောပနိုင်ငံတွေမှာတော့ အချစ်,မပါဘဲ၊ တညတာ,ညအိပ်တယ်၊ ညအိပ်ဖော် ဆိုတဲ့နေရာမှာတော့ ခနခန သုံးတယ်။
ဆိုပေမဲ့ one night stand လို စကားကို မသုံးချင်လို့၊ နူးညံ့ပြီး၊ အထက်တန်းကျတဲ့ 'engagement' ဆိုတဲ့ စကားလုံးကို ယူသုံးခဲ့တာပါ။ နှစ်ခု အဓိပ္ပာယ်ကတော့ အတူတူပါဘဲ။
.
.

Are you addicted ?
Yes, I am addictive

ဒီနှစ်ပိုင်းအတွက် Addicted (verb) vs. Addictive (adj) နှစ်ခုရဲ့ကွာခြားပုံကို ပြောပြမှ ဖြစ်မယ်။ Verb နဲ့ adj ကွဲသလို၊ နှစ်ခုရဲ့အဓိပ္ပာယ်ကလဲ သေချာပေါက် ကွာဟတယ်။ ရှင်းပြရမှာ နဲနဲတော့ ရှုပ်ထွေးပေမဲ့ ..

⚫︎Addictive (adj) - causing physiological dependence, as with certain habit-forming drugs
အလေ့အကျင့်ဖြစ်စေတဲ့ ဆေးဝါးတွေလိုဘဲ၊ ကိုယ်တောင် မသိလိုက်ပါဘဲ၊ ခန္ဓာကိုယ်က အလေ့အကျင့်ဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကို ဖြစ်ပေါ်စေတာ။

⚫︎Addicted (verb) - to cause someone to be physiologically dependent.
ဒါကတော့ verb ဆိုတဲ့အတိုင်း၊ သူများရဲ့တိုက်တွန်းမှု၊ ဖြားယောင်းမှု မ,ပါဘဲ၊ ကိုယ်တိုင်ကိုက စွဲလမ်းနေမိတာ။ တစ်စုံတစ်ယောက်ကို ချစ်မိ၊ စွဲလမ်းမိ၊ ရူးသွပ်သွားမိတယ်လို့၊ အဓိပ္ပာယ်ရပါမယ်။

ဒါကြောင့် ch 26 မှာ Jake ရဲ့ မေးခွန်းနဲ့၊ ဖရန့်လူးကပ်စ်ရဲ့အဖြေ။ နှစ်ခုက အဓိပ္ပာယ်တူသလိုလို ရှိနေပေမဲ့၊ သူတို့ပြောခဲ့တဲ့ စကားရဲ့ရည်ရွယ်ချက်၊ အဓိပ္ပာယ်က မတူပါဘူး။ ပြောရမယ်ဆို ဖရန့်လူးကပ်စ်က သူဘာပြောခဲ့လဲ? သူကိုယ်တိုင် သိပါတယ်။ ဒါကြောင့် Jake ရဲ့မေးခွန်းကို သူ့ခန္ဓာကိုယ်က အလေ့အကျင့်ဖြစ်ပြီး၊ ဒီအနမ်းကို စွဲလမ်းနေတာလို့ ပြန်ဖြေခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တမ်း Jake Frenzo လိုချင်တာ အဲအဖြေ မဟုတ်ပါ။ နှစ်ခုက အသံထွက်လဲ တူလို့၊ ကလေးက မဝေခွဲနိုင် ဖြစ်သွားခဲ့တာပါ။







.
.
.

* နောက်လာမဲ့အပိုင်းတွေမှာလဲ Title နဲ့ အဓိပ္ပာယ်ဖွင့်ချင်တာ ရှိရင်၊ ဒီမှာ လာတိုးပေးပါမယ်ဗျာ။ သိချင်တာရှိရင်လဲ ကိုယ့်ဆီ လာမေးပါ *

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now