CH 82

2.4K 450 35
                                    

" ဟုတ်တယ်....ကိုယ် ဒီနေ့မနက်ပဲ ပြန်ရောက်တာ......"

မနေ့ညက ကျန်းဇီဟန် ပြောခဲ့တာတွေကို စဉ်းစားမိလိုက်တော့ ရီဇဲ အတော်စိတ်လှုပ်ရှားလာတယ်.....

ဒီကောင်လေး သူ့ကို ချစ်နေတုန်းပဲလား......ဒီလောက်ထိ ရက်စက်ခဲ့တာတောင်လေ.....

ရှဲ့ဟယ်က အင်းလို့သာ တခွန်းပြောပြီး ထထိုင်ဖို့ပြင်လိုက်တယ်....ဒါ့ကြောင့် ရီဇဲ က ထူပေးဖို့လက်ကမ်းပေးလိုက်တဲ့အခါ ကောင်လေးရဲ့ အရိုးပေါ်အရေတင် ပိန်းပါးနေတဲ့ လက်ချောင်းလေးတွေကြောင့် ရီဇဲရဲ့မျက်သားတွေ နီမြန်းလာတယ်.....

ကောင်လေးရဲ့ ကျန်းမာရေးအခြေနေကို နေ့စဉ်နဲ့အမျှ နားထောင်ရတာ ရီဇဲအတွက်တော့ ငရဲကျနေသလိုပါပဲ......

ရီဇဲ အကြည့်လွှဲလိုက်ပြီး ကောင်လေးကို အဝတ်စားလဲပေးဖို့ ကူညီလိုက်ပြီး......

" လမ်းလျှောက်ထွက်ကြမလား....."

" အင်း....."

ဒီနေ့ နေသာတယ်......နွေးထွေးတဲ့နေရောင်ခြည်က ရှဲ့ဟယ်ရဲ့ ဖျော့တော့နေတဲ့အသားအရည်ပေါ် တောက်ပစွာဖြာကျနေပေမယ့်လည်း ရီဇဲအတွက်တော့ မနွေးထွေးနိုင်ခဲ့ပါဘူး.....

ကိုယ်ခံအားနည်းပါးနေပြီဖြစ်တာကြောင့် ရှဲ့ဟယ် ကြာကြာလမ်းမလျှောက်နိုင်ခဲ့ဘူး.....ဒါ့ကြောင့် ကြုံရာ ခုံတန်းလေးမှာ ဝင်ထိုင်လိုက်ကြတယ်......

" ရီကော....."

ဒီခေါ်သံလေးကြောင့် ရီဇဲရဲ့နှလုံးခုန်သံတွေ ပရမ်းပတာဖြစ်ကုန်တယ်.....

မကြားရတာ ဘယ်လောက်ကြာနေပြီလဲ......ပြသာနာတွေဖြစ်ပြီးကတည်းက အေးစက်နေတဲ့ ဆက်ဆံရေးမှာ ဉက္ကဌရီဆိုတဲ့ခေါ်သံကိုပဲကြားခဲ့ရတာ.....ဒီလိုကြားခွင့်ရဖို့ ဘယ်လောက်များ တောင့်တခဲ့ရသလဲဆိုတာ ဘုရားပဲသိလိမ့်မယ်......

ဒီအသံလေးက လွန်ခဲ့တဲ့ရှစ်နှစ်.....ရှဲ့ဟယ်ကို စစတွေ့တုန်းအချိန်လေးကို သတိရစေခဲ့တယ်.....ဒီကောင်လေး သူ့ဘေးမှာ ရှိနေခဲ့တာ အချိန်တွေ ဒီလောက် ကြာနေခဲ့ပြီပဲ.....

ဒီကောင်လေးရဲ့ အရယ်အပြုံးတွေ၊ ရှက်ရွံနေပုံလေးတွေ၊ သူ့ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ရီကောလို့ ခေါ်ခဲ့တာလေးတွေ.......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now