အပိုင်း ၁

147K 3.7K 166
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

"ရဲမာန်ဝင့်ထည်"

လူတစ်ယောက်၏ စိတ်ဆိုးမာန်ဆိုး အော်ခေါ်လိုက်သံကြောင့် ပန်းခြံထဲတွင် အနားယူကာ ကျီကျီကျာကျာ အော်ဟစ်နေသော ကျေးငှက်ကလေးများပင် အတောင်ပံများ ဖြန့်ကျက်ကာ ထ ပျံပြေးသွား၏။

ပန်းခြံလေး၏ ခုံတန်းလျားတစ်ခုတွင်တော့ အသက် ၇နှစ်ကျော် ၈နှစ်အရွယ်ရှိ ကလေးလေး တစ်ယောက်က ကျောပိုးအိတ်လေးလွယ်ကာ ငေးငိုင်ရင်း ထိုင်နေလေသည်။

ခုနက လူမှာတော့ ကလေးလေးဆီ မျက်နှာမူပြီး အော်ဟစ်လိုက်သည်ကြောင့် ထိုင်ခုံပေါ်မှာ ထိုင်နေသည့်ကလေးလေးမှာ အနှီလူအား တစ်ချက်လှည့်ကြည့်လိုက်လေသည်။

အနည်းငယ်တော့ အံသြသွားပုံ ရသလို မျက်လုံးလေးများက ဝိုင်းစက်သွားသည်။ သို့သော်လဲ တချက်မျှသာကြည့်လိုက်ပြီး သူ့နှင့်မဆိုင်သလို အနေအထားနှင့်သာ အေးအေးဆေးဆေးဖြင့် မျက်နှာကို တဖက်လွှဲသွားလေ၏။ ထိုအမူအရာကို မြင်လိုက်သော လူမှာတော့ ပို၍ပင်ဒေါသများ ဆူပွက်လာရတော့သည်။

ကြည့်စမ်း ကြည့်စမ်း။

သူဘာမှ အမှားမလုပ်ထားတဲ့ အမူအရာမျိုးနဲ့။

စိတ်တိုချင်စရာကောင်းလိုက်တာ။

ထိုလူမှာတော့ ဒေါသထွက်စွာ ခြေလှမ်းကျဲကြီးများဖြင့် ကလေးငယ်အနား သွားလိုက်၏။ ခုံမှာထိုင်နေသော ကလေးငယ်နှင့် တန်းတူဖြစ်အောင် မြေပြင်ပေါ် ဒူးညွတ်ချကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး မေးမြန်းလိုက်သည်။

"မင်း ဘာလို့ဒီရောက်နေတာလဲ ရဲမာန်ဝင့်ထည်။ အသက်လေးက ၁ဝနှစ်တောင် မပြည့်သေးဘူး ကျောင်းပြေးနေပြီပေါ့ ဟုတ်လားဟင်။ ငါ မင်းကိုမနက်က ကျောင်းရှေ့ထိ လိုက်ပို့ပေးခဲ့တာလေ။ ဒါကိုတောင် ကျောင်းမတက်ပဲ ဒီမှာလာထိုင်နေတယ်။ လူလေးက လက်တောက်လောက်လေး ရှိသေးတာ လူကြီးတွေကို ပတ်ပြီး ကျောင်းလစ်ပြေးတတ်နေပြီပေါ့ ဟုတ်လား ရဲမာန်ဝင့်ထည်"

ခုံပေါ်က ကလေးလေးမှာတော့ ဘာမှမပြောပဲ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ရင်း လက်သီးလေးတွေကို ဆုတ်ထားပြီး သူရှေ့က လူကိုပဲ စိုက်ကြည့်နေ၏။ သို့သော်မျက်ဝန်းလေး တွေကတော့ စိုစွတ်ကာ မျက်ရည်စလေးများ ရစ်ဝိုင်းလာ၏။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now