အပိုင်း ၁၈

36K 1.8K 51
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး ခုံမှာထိုင်ရင်း လုပ်နေကျ အလုပ်ကိစ္စများကို လုပ်နေမိသည်။

စာရွက်စာတမ်းတွေ စီစစ်ရင်း အကြည့်တို့က စားပွဲဆီအရောက် ကောင်လေးနှင့် သူ၏ဓာတ်ပုံကြောင့် ပြုံးလိုက်မိ၏။

မင်္ဂလာဆောင်မှာ ရိုက်ထားသည့်ပုံကို သူအရွယ်မရောက်သေးခင် ရိုက်ထားသည့် ပုံဖြစ်သဖြင့် မကြိုက်ဟု ဆိုကာ နှစ်ပေါင်းများစွာ စားပွဲပေါ်မှာရှိနေသည့် ဓာတ်ပုံလေးမှာ ဖယ်ရှားခံလိုက်ရသည်။ ထိုအစား မျိုးလွင်ဦးနှင့် ရဲမာန်ဝင့်ထည်တို့ နှစ်ယောက်သား တွဲရိုက်ထားသည့် ပုံလေးက အစားထိုးဝင်ရောက်လာခဲ့သည်။

ပုံထဲက ကောင်လေးကတော့ သူ့ပုခုံးအား ဖက်ကာ သူ့အပိုင်ဆိုသည့် မျက်နှာမျိုးနှင့် ရင်ခွင်ထဲ ဆွဲသွင်းကာ ရိုက်ထားသည့်ပုံဖြစ်သည်။

ကောင်လေးအကြောင်းတွေးမိတော့ ရင်တွေပင်ခုန်ကာ သွေးလည်ပတ်နှုန်း တွေ တိုးလာရစမြဲပင်။

တလကျော်ကျော်လောက် ကြာပြီးသည့်အချိန်မှာတော့ ရဲမာန်ဝင့်ထည်မှာ မျိုးလွင်ဦးအခန်းထဲသို့ပင် ပြောင်းရွေ့နေထိုင်နေသလားတောင် မှတ်ရသည်။

အမြဲတမ်း သပ်ရပ်နေတတ်သည့် ဗီဒိုတွေ၊ စားပွဲခုံတွေမှာ ကောင်လေး၏ ပစ္စည်းများနှင့် ရောနှောကာ ရှုပ်ထွေးနေတတ်သည်။ ဒါပေမယ့် သူ ကိုယ်တိုင်လဲ ဒီအနေအထားကို သဘောကျနှစ်ခြိုက်မိပါသည်။

ဓာတ်ပုံကိုကြည့်ရင်း ကြည်နူးကာ အတွေးနယ်လွန်နေခိုက် တံခါးခေါက်သံ ကြားလိုက်ရ၏။

"ဝင်ခဲ့ပါ"

ထိုအခါတံခါးဖွင့်ဝင်လာသော အန်တီသက်။ အန်တီသက်က လက်ထဲက ကော်ဖီကို မျိုးလွင်ဦး အနားချပေးလိုက်သည်။

"ကျေးဇူး အန်တီသက်"

လုပ်လက်စအလုပ်များကို ဆက်လုပ်နေခိုက် အန်တီသက်မှာ အခန်းထဲက မထွက်သွားသေးပေ။ တစ်စုံတစ်ခုကို ပြောချင်နေဟန်မို့ လုပ်လက်စ အလုပ်များ ခနရပ်လိုက်သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now