အပိုင်း ၁၇

39.8K 1.6K 29
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး ရုံးခန်းထဲမှာ အလုပ်လုပ်နေခိုက် တံခါးဖွင့်သံကြားရပြီး နှင်းဆီပန်းစည်းနဲ့အတူ ရုံးခန်းထဲ ဝင်လာသောကောင်လေး။

ကောင်လေးက သူ့အနားထိလျှောက်လာပြီး ပန်းစည်းကို သူ့မျက်နှာရှေ့နားမှာ ထားရင်း ပြုံးကာ

"ရော့.. ဒယ်ဒီနဲ့ ကျွန်တော် ချစ်သူဖြစ်တာ တပတ်ပြည့် လက်ဆောင်"

"ကလေးကလားနဲ့"

မျိုးလွင်ဦးပါးစပ်ကသာ ပြောလိုက်ပေမယ့် လက်ကတော့ နှင်းဆီပန်းစည်းကို ယူလိုက်ပါသည်။

လက်ထဲရောက်ရှိလာသော ပန်းစည်း၏ နှင်းဆီရနံက ကြိုင်လှိုင်မွှေးပျံ့လျှက်။

"ကြိုက်လား"

အသာခေါင်းငြိမ့်ပြမိတော့ ကောင်လေးက ပန်းစည်းထဲကနှင်းဆီအဖြူတပွင့်ကို ချိုးလိုက်ကာ သူ့နားရွက်ကြားမှာ လာညှပ်ပေးသည်။

"မိန်းကလေးလဲ မဟုတ်ပဲနဲ့"

နားထဲက နှင်းဆီပန်းကို ဖြုတ်မယ်ကြံတော့ ကောင်လေးက သူ့လက်တွေကို တားဆီးလိုက်သည်။

"နှင်းဆီဖြူမှ ကြိုက်တယ်ဆို မောင့်ရဲ့ချစ်သူပျို..နှင်းဆီကလဲ ကြူကြူမွှေးတယ် ချစ်သူကလဲဖြူဖြူလေးသွယ် နေလုံးနီနီ ညနေစောင်းတဲ့ပန်းချီ"

အချိန်ကိုက်ထွက်လာသော သီချင်းသံကြောင့် မျိုးလွင်ဦး ရယ်လိုက်မိ၏။

"ဒီအဖိုးကြီးကို ပိုးဖို့ အန်းတိတ်သီချင်းတွေ တော်တော်ကျက်ထားရမှာပဲ ကောင်လေးတစ်ယောက်ကတော့"

"ရပါတယ်ဗျာ။ ဒီ ကောင်လေးအချစ်တွေ အဖိုးကြီးသိရင် ကျေနပ်ပါပြီ"

ခေါင်းကိုအသာခါမိတော့ စားပွဲခုံပေါ် တက်ထိုင်နေတဲ့ ကောင်လေးက သူ့မျက်နှာကို အသာဖြစ်ညှစ်လာသည်။

ထို့နောက် မျက်နှာကို ဆွဲမော့လိုက်ကာ မရိုးနိုင်သော အနမ်းတွေဖြင့် ချော့မြူတော့သည်။

လက်ထဲမှာ ကိုင်ထားသည့် စာရွက်စာတမ်းတွေကိုတောင် ဆုတ်ချေလိုက်မိသည်အထိ ကောင်လေး၏ အနမ်းတွေက သူ့ကို အသိစိတ်ပျောက်စေသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now