အပိုင်း ၃၃

26.9K 1.3K 17
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစိကြိုးချည်
(My Step-Father is Mine)
*

ရဲမာန်ဝင့်ထည်နှင့် မျိုးလွင်ဦးတို့ သွေးအေးတိုက်ပွဲ ဆင်နွဲနေခဲ့ကြတာ ရယ်အနည်းငယ်ခန့်ကြာခဲ့လေပြီ။

မျိုးလွင်ဦးဟာလဲ ရှယ်ယာတွေကို လွှဲမပေးခဲ့သလို ရဲမာန်ဝင့်ထည်ဟာလဲ ရှယ်ယာတွေကို လွှဲပြောင်းပေးဖို့အတင်းအကြပ်တောင်းဆိုလေတော့သည်။

ထိုအကြောင်းအရာနှင့်ပဲ ချစ်သူနှစ်ဦးသားမှာ ကတောက်ကဆဖြစ်ကြပြီး တအိမ်ထဲနေနေပေမယ့် အခေါ်အပြော အဆက်အဆံမလုပ်ကြတော့။ ရဲမာန်ဝင့်ထည်မှာလဲ သူ့အခန်းသို့သာ သွားပြန်အိပ်ပြီး မျိုးလွင်ဦးမှာလဲ မျက်နှာထားတင်းတင်းနှင့်သာ။

အန်တီသက်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းခပ်ဖွဖွသာချလေသည်။

အလုပ်သွားဖို့ ခြံဝန်းထဲက ကားနဲ့ထွက်သွားသည့် ဒယ်ဒီအား ကြည့်ရင်း ရဲမာန်ဝင့်ထည် စိတ်ပျက်လက်ပျက်တွေးမိသည်။

ဒီ ဒယ်ဒီအသေးလေးဟာလေ အရမ်းကိုခေါင်းမာလွန်းတယ်။ အမြဲတမ်းအရာအားလုံးမှာ အလိုလိုက်ခဲ့ပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သတ်လာတဲ့အခါ ဘယ်လိုမှပြောမရပေ။ ရှယ်ယာတွေလဲ အခုချိန်ထိ လုံးဝမလွှဲပေးပဲ တင်းခံနေပြီး ပြသနာအားလုံးကို သူတစ်ယောက်ထဲဖြေရှင်းဖို့လုပ်နေတာ။

ဘယ်လောက်အသည်းယားစရာ ကောင်းလိုက်သလဲ။ ဒယ်ဒီအသေးလေးရဲ့ တင်ပါးကိုတောင် ရိုက်ပစ်ချင်လာပြီ။

နောက်ဆုတ်ပေးမည့်ပုံမရသော ဦးရဲရင့်ဟိန်းကြောင့် ရဲမာန်ဝင့်ထည်လဲ ရှယ်ယာတွေကို လက်လွဲယူကာ ဝင့်ထည်လုပ်ငန်းကို ဦးစီးဖို့ကြံရတော့သည်။

အနည်းဆုံးတော့ သူဦးစီးလိုက်လျှင် ဦးရဲရင့်ဟိန်းက သူ့သား သူတော့ ထိပ်တိုက် မတိုက်ခိုက်လောက်ဘူး မဟုတ်လား။ အခု ဒယ်ဒီကြောင့်မို့ တမင်တကာ ဝင့်ထည်လုပ်ငန်းကို တိုက်ခိုက်နေတာ။

ဒါတွေကို ဒီအသေးလေးဟာ နားမလည်။

ခေါင်းကြော တအားမာလွန်းတယ်။ ဘာမှဝင်ပြီး ကူညီခွင့်လဲ မပေးပဲ သူတယောက်ထဲဖြေရှင်းဖို့ လုပ်ပြီး ပင်ပန်းနေရပြီ။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Wo Geschichten leben. Entdecke jetzt