အပိုင်း ၁၁

42.2K 2.2K 37
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ရဲမာန်ဝင့်ထည် ရင်ခွင်ထဲက ဒယ်ဒီ့ပါးလေးကို တချက်နမ်းလိုက်တော့ နံသာဖြူရနံ့သင်းသင်းလေးကို ရသည်။ ကျေနပ်စွာပြုံးလိုက်ရင်း

"ခရီးသွားရတာ ပင်ပန်းနေပြီမလား။ နားလိုက်အုံး ဒယ်ဒီ။ ချစ်တယ်နော် သိလား။ ဒယ်ဒီက ကျွန်တော့်အပိုင်"

ပြောပြီး အခန်းထဲက ထွက်သွားတော့သည်။

ညအမှောင် အခန်းထဲမှာ ရင်တုန်ပန်းတုန်ဖြင့် တစ်ယောက်ထဲ ကျန်ခဲ့ရသူမှာတော့ မျိုးလွင်ဦးသာ ဖြစ်သည်။

ဒီလိုလုပ်ချင်တာရှိရင် တဇွတ်ထိုး လုပ်တတ်တဲ့ ကောင်လေးကို ရှေ့လျှောက် ဘယ်လိုလုပ်ရမလဲ တွေးရင်း ရင်မောစွာဖြင့်။

ရုံးပိတ်ရက် ကျောင်းပိတ်ရက်မို့ မျိုးလွင်ဦးလဲ အခန်းထဲမှာသာ အောင်းနေမိသည်။ အခန်းအပြင်ဘက်က ဟိုကောင်လေး၏ အသံသဲ့သဲ့ကြားမိသဖြင့် မျက်နှာချင်းမဆိုင်ချင်သောကြောင့်သာ။

နေ့လည်စာ စားချိန်ရောက်တော့ အန်တီသက်က ထမင်းစားရန်လာခေါ်သဖြင့် အောက်ထပ်သို့ဆင်းမိချိန် ထမင်းစားပွဲဝိုင်းမှာ အဆင်သင့်ထိုင်စောင့်နေသော ကောင်လေး။

ကောင်လေးက သူ့အား တချက်ပြုံးပြလေ၏။ ဘာကြောင့်မှန်းမသိ အဲ့ဒီအပြုံးက အနည်းငယ်တော့ ရင်ကိုတုန်လှုပ်စေသည်။

ကောင်လေးကို ဂရုမစိုက်ပဲ စားပွဲတွင်ဝင်ထိုင်ပြီး ကိုယ့်ထမင်းကိုယ်သာ အာရုံစိုက်ကာ စားနေခိုက် ပန်းကန်ထဲသို့ရောက်လာသော ဟင်းများ။ လက်လာရာ ဆီသို့ ကြည့်လိုက်တော့ ကောင်လေးက ပြုံးပြလာသည်။

"စားလေ။ ဒယ်ဒီက ဝက်သားနဲ့ မုန်ညှင်းရွက်ကြော်ကို ကြိုက်တယ်မဟုတ်လား"

"အမယ်။ ဒီသားအဖတွေ ပြန်အဆင်ပြေသွားကြပြီပေါ့"

ဘေးက မတ်တပ်ရပ်နေသော အန်တီသက်က သူတို့အခြေအနေကို အကဲခတ်ရင်း ကျေနပ်စွာ ပြောသည်။

"ဟုတ်တယ် ဖွားသက်ရဲ့။ ကျွန်တော်နဲ့ ဒယ်ဒီက အဆင်ပြေသွားပြီလေ။ ပြေတာမှ အရမ်းပြေတာ ဟုတ်တယ်မလား ဒယ်ဒီ"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now