အပိုင်း ၃ဝ

31.2K 1.4K 11
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ရုံးခန်းမှာ အစည်းအဝေးလုပ်နေရင်း ဖုန်းထဲ Message ဝင်လာတာကြောင့် အမှုမဲ့အမှတ်မဲ့ဝင်ကြည့်လိုက်မိသည်။

"မောင့်မြင်းစီးသမားလေး ဒယ်ဒီ့အတွက်"

ဆိုသည့်ခေါင်းစဉ်နဲ့အတူ မဖွယ်မရာ ပြုလုပ်နေကြသည့် Positionအစုံ ကာတွန်းပုံများ။

ထိုပုံများကို မြင်မိတော့ မျက်နှာက ဖြန်းခနဲ ပူလောင်သွားရပြီး ဖုန်းကို ဝုန်းခနဲ စားပွဲခုံပေါ်မှောက်ချလိုက်မိသည်။ အစည်းအဝေးလုပ်နေသည့် ဝန်ထမ်းများက လဲ ရုတ်တရက်မို့လန့်သွားကာ မျိုးလွင်ဦးကို ဝိုင်းကြည့်လာကြသည်။

"ပြသနာတခုခုရှိလို့လား ဆရာ"

"အော် ဘာမှမဟုတ်ပါဘူး ဆက်ပြောနော်"

ဝန်ထမ်းတွေ အစည်းအဝေးအကြောင်း ဆက်တင်ပြကာမှ မျိုးလွင်ဦး သက်ပြင်းချမိတော့သည်။

ညနေ ရုံးဆင်းချိန် အောက်ထပ်မှာ အဆင်သင့် လာစောင့်နေသော ကောင်လေး။ ကောင်လေးကိုမြင်တော့ နေ့ခင်းက ပုံတွေခေါင်းထဲ ဝင်လာပြီး မျက်နှာကပူလောင်လာတော့သည်။

ကောင်လေးကို အကြည့်ချင်းဆုံကာ မကြည့်ရဲသဖြင့် ခပ်မြန်မြန် ကားပေါ်တက်ထိုင်လိုက်မိသည်။ ကောင်လေးကတော့ ဒါကိုသိသည့်အလား ရယ်မောလာသည်။

"မောင့်မြင်းစီးသမားလေးက ရှက်နေတာလား"

"တော်တော့နော် မောင်။ မစနဲ့တော့"

"ဟား...ဟား..ဟား.."

မျိုးလွင်ဦး တဖက်ဘက်လှည့်ကာ လေပူတွေကို မှုတ်ထုတ်လိုက်မိတော့သည်။ ထိုအခါ သူ့အနားကို တဖြည်းဖြည်းတိုးကပ်လာသည့် ကောင်လေး။

"ဘာ...ဘာလုပ်မလို့လဲ"

"ပုံထဲမှာ ကားပေါ်မှာ လုပ်တဲ့ဟာလဲ ပါတယ်လေ။ အဲ့ဒါ အခုစမ်းကြည့်ကြမလား"

"ရုံးခန်းတိုက်အောက်မှာ ပေါက်ကရတွေမလုပ်နဲ့နော် မောင်။ အဲ့ဒါဆို အောက်ဆင်းတော့မယ်"

"ဟား ဟား။ မောင်က စတာပါ။ ခါးပတ် ပတ်ပေးမလို့။ ရှက်လွန်းလို့ ခါးပတ် ပတ်ဖို့တောင် မေ့နေတဲ့ ဒယ်ဒီ တစ်ယောက်ကို"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]حيث تعيش القصص. اكتشف الآن