အခပျြပို (Extra)

28.6K 1K 28
                                    

[ဒီအပိုင်းလေးကတော့ ဒယ်ဒီနဲ့ ရဲမာန်တို့ ရည်းစားမဖြစ်ခင် အခြေအနေလေးပါ။ ရဲမာန်က အစက ဒယ်ဒီ့ကို Straight လို့ထင်ထားခဲ့တာပါ။ သူ့အမေကိုယူထားခဲ့တာမို့။ အဲ့တာကြောင့်သူ့ ခံစားချက်ကို ထိန်းချုပ်ခဲ့ပြီး ဒယ်ဒီ့ဘက်ကလဲသူ့အပေါ်စည်းတွေအများကြီး တားထားခဲ့တာမို့ ရှေ့ဆက်မတိုးပဲနေခဲ့တာပါ။ နောက်ဆုံး ဒိုင်ယာရီစာအုပ်ကိုတွေ့ပြီး ဒယ်ဒီက ယောက်ျားလေးတွေ ကြိုက်တတ်မှန်း သိပြီးတော့မှ သူရဲရဲကြီး ရှေ့ဆက်တိုးခဲ့တာပါ။ လူလည်လေးပေါ့။🤭 ဒီအပိုင်းမှာတော့ ရဲမာန်ရဲ့ ဒယ်ဒီအပေါ်ရူးသွပ်ပုံတွေ နဲ့ ဒယ်ဒီအသေးလေးရဲ့ တိတ်တခိုးချစ်နေပုံတွေကို တွေ့မြင်ရမှာပါ။]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ခြံထဲမှာ ကားသံကြားလိုက်တာမို့ မျိုးလွင်ဦး အသာနားစွင့်မိလိုက်သည်။ အတန်ကြာသည်အထိ ကားစက်သံကြားနေရဆဲမို့ ဘာများဖြစ်နေသလဲ သိချင်စိတ်ဖြင့် ပွတငျးပေါကျဘကျကျို အသာလှမ်းလိုက်ရင်း လိုက်ကာစကို လက်ညိုးလေးဖြင့် အသာတွန်းဖယ်ကာ ခြံထဲသို့ချောင်းကြည့်လိုက်မိသည်။

ကားပေါ်မှာ ကောင်လေးက တစ်စုံတယောက်နှင့် နမ်းရှိုက်နေခဲ့သည်။ ဒီလို မြင်ကွင်းမျိုးတွေက ဖန်တရာထေနေပြီး မြင်တွေ့နေကျ ရိုးနေလောက်ပြီ ဖြစ်သင့်ပေမယ့် မြင်ရတိုင်း သူ့နှလုံးသားကို နာကျင်စေသည်။

အောင့်သက်လာသော နှလုံးသားကြောင့် ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သဖြင့် မျက်နှာလွှဲရန် ပြင်လိုက်စဉ် မြင်လိုက်ရသော အရာကြောင့် သူအံ့သြမိသွားသည်။ ကောင်လေးနမ်းနေသည့် တယောက်က အရင်နေ့များကလို မိန်းကလေး မဟုတ်ပဲ သူနှင့်ရွယ်တူရှိလောက်မည့် ကောင်လေးတစ်ယောက်။

ကောင်လေး...ကောင်လေးက ယောက်ျားလေးတွေကိုပါ ကြိုက်တတ်တာလား။

ထို့သို့အတွေးများစွာဖြင့် မှင်သက်စွာ ကြည့်နေမိစဉ် ကားပေါ်မှ ကောင်လေးက ဒိုင်းခနဲ သူ့အခန်းရှိရာဆီသို့ မျက်လုံးလှန်ကြည့်လာသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now