အပိုင်း ၅

40.2K 2.5K 96
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မင်္ဂလာအခမ်းအနား ပွဲပြီးဆုံးတော့ မျိုးလွင်ဦးလဲ လက်ပေါ်မှာ အိပ်ပျော်နေသည့် ကလေးလေးကိုအသာချီကာ ကုတင်ပေါ်တင်လိုက်သည်။

လက်အထိအတွေ့ကနေ ကင်းကွာသွားလို့ ထင်သည် ကလေးလေးဟာ အင်းအဲနှင့် နိုးမည့်ဟန်ပြုလာတာမို့ သူလဲ ကလေးလေး ဘေးနားဝင်လှဲပြီး ရင်ခွင်ထဲထည့်ထားရင်း သိပ်လိုက်တော့မှ ကလေးလေးမှာ ပြန်အိပ်ပျော်သွားတော့သည်။

ရဲမာန်ဝင့်ထည်လေးကို သိပ်နေရင်း မျိုးလွင်ဦးလဲ မင်္ဂလာဧည့်ခံပွဲကြောင့် ပင်ပန်းနေသည်မို့ ကုတင်ပေါ်မှာတင်အိပ်ပျော်သွားတော့သည်။ သတို့သမီးနှင့် သတို့သားတို့ ပျော်ရွှင်ကြည်နူးစွာ အိပ်စက်ရမည့် မင်္ဂလာဦးည ကုတင်ပေါ်တွင်တော့ သတို့သားလေးဟာ ကလေးလေးကို ပွေ့ဖက်ရင်းအိပ်ပျော်သွားခဲ့ပါတော့သည်။

ခနကြာမှာတော့ အိပ်ခန်းတံခါးပွင့်လာခဲ့ကာ သတို့သမီးလေး ဝင်လာခဲ့ချိန်တွင်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေသော သတို့သားနှင့် ကလေးငယ်ကို တွေ့လိုက်ရ၏။ မင်္ဂလာဦးညမှာ သတို့သားနှင့် အတူ ချစ်ကြည်နူးရမည့် ကုတင်ပေါ်မှာ အိပ်မောကျနေသည့် သတို့သားနှင့်ကလေးငယ်လေးကို တွေ့လိုက်ရသော်လဲ ထိုသတို့သမီးဟာ ငြူစူသည့်အရိပ်အယောင်မပြခဲ့ပါ။ ကြည်နူးစွာဖြင့် ကြည့်ရင်း ကျေနပ်ဝမ်းမြောက်စွာနှင့်သာ အခန်းတံခါးကို အသာပိတ်ကာ ထွက်သွားခဲ့ပါတော့သည်။

လက်ထပ်မင်္ဂလာပွဲပြုလုပ်ပြီးသည့်နောက်မှာ မျိုးလွင်ဦးသည် စံအိမ်ကြီး၏ တရားဝင်သားသမက်ဖြစ်လာခဲ့ပြီး ဝင့်ထည်ကျောက်မျက်လုပ်ငန်းကို ဦးစီးခဲ့လေသည်။ ဝင့်ဝါထည်နှင့် နှစ်ယောက်သား ဆက်ဆံရေးမှာလဲ အများသူငှာအမြင်မှာ အိမ်ထောင်သည် ဆက်ဆံရေးမျိုး ဖြစ်ခဲ့ပေမယ့် အတွင်းမှာတော့ မောင်နှမဆက်ဆံရေးမျိုးထက် မပိုခဲ့ပေ။

ရဲမာန်ဝင့်ထည်လေးကတော့ မျိုးလွင်ဦးမှာ တရားဝင်အဖေဖြစ်ပြီးသည့်နောက် ပို၍ကပ်တွယ်ကာ ခင်တွယ်လာခဲ့သည်။

အိမ်ထောင်ကျပြီး ၉ လကျော်လောက်မှ ဘာလို့မင်္ဂလာပွဲကို အသည်းအသန် အမြန် စီစဉ်ခဲ့ရသလဲဆိုသည့် အကြောင်းရင်းကို မျိုးလွင်ဦးသိခဲ့ရလေသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now