အပိုင်း ၄၂

25K 1.1K 22
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

"ဒယ်ဒီ ဒယ်ဒီ"

"အင်း ပြောလေ သားသား"

"သားသား အဲ့ကိုကိုနဲ့ ခင်ချင်တယ်။ ဒယ်ဒီ သားသားကို လိုက်ပြောပေး"

သစ်ပင်အောက်က ခုံလေးမှာ တယောက်ထဲငေးငေးငိုင်ငိုင်ထိုင်နေသည့် ခုနကကလေးငယ်ကို ကြည့်လိုက်ရင်း မျိုးလွင်ဦး ပြုံးမိသည်။

"သားသားက ခင်ချင်တာကို ဒယ်ဒီက ဘယ်လို လိုက်ပြောပေးရမှာလဲ။ သားသားဘာသာ သွားပြောပေါ့"

"ဟင့်...ဒါပေမယ့် ကိုကိုက သားသားကိုမှ မကြိုက်တာ။ ဒယ်ဒီကိုကျ ကြောက်မယ်ထင်လို့"

"သားသား လုပ်ချင်တာ ဖြစ်ချင်တာကို တခြားလူတယောက်ကို အားကိုးပြီး လုပ်ပေးခိုင်းလို့မရဘူးလေ။ သားသားကိုယ်တိုင် ကြိုးစားပြီးလုပ်မှ ရမှာပေါ့ သားသားရဲ့။ ဒယ်ဒီပြောထားတာ မေ့နေပြီလား"

"မမေ့ပါဘူး။ သားသား ကိုယ်တိုင်လုပ်နိုင်တာတွေကို ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်အားကိုယ်ကိုးပြီး နေရမယ်။ သူများကို အားမကိုးရဘူး"

"လိမ္မာရဲ့သားနဲ့ သားသားက။ အဲ့ဒါဆို အခုဘာလုပ်ရမလဲ"

"ကိုကိုနဲ့ခင်ချင်ရင် သားသားဘာသာ ကြိုးစားရမယ်"

"တော်လိုက်တာ ဒယ်ဒီ့သားသားက။ ဒါပေမယ့် တခုမှတ်ထားရမယ်နော်။ သူတပါး မကြိုက်တဲ့အရာတွေကို အတင်းအကြပ်မလုပ်ရဘူး။ ကိုကိုက သားသားကိုမခင်ချင်တဲ့အခါလဲ အတင်းခင်ခိုင်းလို့ မရဘူးနော်။လူတိုင်းမှာ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတာမို့ သားသားက အတင်းလုပ်ခိုင်းလို့ မရဘူး။ ဒယ်ဒီပြောတာ သဘောပေါက်လား"

"ဟုတ်ကဲ့ ဒယ်ဒီ"

"အဲ့တာဆို ကိုကိုနဲ့ ခင်မင်မှုကောင်းကောင်းယူလာခဲ့နော်။ ဒယ်ဒီ ဒီက ကြည့်နေပေးမယ်"

အဖြေတောင် ပြန်မရပဲ လက်ပေါ်က အသဲအသန်ဆင်းပြေးကာ သစ်ပင်အောက်က ကလေးဆီလှုပ်တုပ်လှုပ်တုပ်ပြေးသွားသော သားသားကိုကြည့်ရင်း ပြုံးလိုက်မိသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now