အပိုင်း ၂၉

29.1K 1.4K 21
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

နောက်နှစ်ရက်ကြာပြီးနောက် ကောင်လေးပြန်ရောက်လာခဲ့ပါသည်။ အခန်းထဲဝင်လာလာချင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ ပြုံးပြလာသဖြင့် သူလဲ ကောင်လေး ရင်ခွင်ထဲ ပြေးဝင်ရင်း ခိုနားလိုက်မိပါတော့သည်။

ယောက်ျားဆန်ဆန် ရနံ့တို့ကို ရှူရှိုက်မိရင်း သူလဲ ပြုံးကာကောင်လေးအား ခပ်တင်းတင်းဖက်တွယ်ထားလိုက်မိသည်။

"လွမ်းနေတာလား မောင့်ကို"

"အင်း...လွမ်းတယ်"

ပွင့်ပွင့်လင်းလင်း အဖြေကြောင့် ကောင်လေးက အနည်းငယ်တော့ အံ့သြသွားပုံပင်။

သူ အမြဲတမ်းချစ်စကား ကြိုက်စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုရမှာ ရှက်ခဲ့သည်။ အသက်အရွယ်ကြောင့်ရော၊ ရှက်စိတ်ကြောင့်ပါ ခံစားရသမျှကို ကောင်လေးကို သေချာဖွင့်ဟမပြောမိခဲ့။

ဒါပေမယ့် ယခုတခေါက်အဖြစ်အပျက်မှာ သူသေချာ နားလည်သွားခဲ့ပါသည်။ ကောင်လေးကို ဘယ်လောက်ချစ်ကြောင်း၊ လွမ်းကြောင်းတွေ မပြောလိုက်ရပဲ ခွဲခွာရမည်ဆိုပါက သူသေတဲ့အထိနောင်တရလို့ ဆုံးမှာ မဟုတ်တော့။ ထို့ကြောင့်သာ သူခံစားရသမျှကို ကောင်လေးကို ပွင့်ပွင့်လင်းလင်းဖွင့်ဟ ပြောဖို့ ဆုံးဖြတ်လိုက်ခြင်းပေ။

အံ့သြနေသည့် ကောင်လေးကြောင့် လျှပ်တပြတ် အခွင့်အရေးယူကာ ကောင်လေး၏ နှုတ်ခမ်းတွေကို ဖြတ်ခနဲ နမ်းလိုက်မိ၏။

"ပြွတ်"

"ပြီးတော့ မောင့်ကို အရမ်းလဲချစ်တယ်"

သူ့စကားအောက်မှာ ကောင်လေး၏ မျက်ဝန်းတွေက မဲနက်ကာ အသိစိတ်ပျောက်သွားသလိုပင်။ သူ့အား တင်းကြပ်စွာ ဖက်တွယ်လာပြီး အကြမ်းပတမ်းနမ်းရှိုက်လာတော့သည်။

သူလဲကောင်လေး၏ အနမ်းကြမ်းကြမ်းများကို လွမ်းဆွတ်တမ်းတနေခဲ့သည်ဖြစ်ရာ ပြန်လည်၍ တုံ့ပြန်လိုက်ရင်း အိပ်ရာပေါ်သို့.....။

~~~~~~~~~~~~~~~

"အိပ်နေပြီလား ဒယ်ဒီ"

"မအိပ်ပါဘူး"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now