အပိုင်း ၃၉

27.4K 1.1K 7
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ညနေခင်းညစာစားပွဲ အတွက် အနောက်တိုင်းဝတ်စုံ လဲနေစဉ် ကောင်လေးက နက်ကတိုင်ကို ကြိုးလာချည်ပေးနေသည်။

"နက်ကတိုင်တော့ ကြိုးချည်တတ်ပါတယ်"

"မောင် လုပ်ပေးချင်လို့ပါ"

ကောင်လေး လုပ်ပေးသမျှကို ငြိမ်ငြိမ်လေး ခံယူမိတော့ ကောင်လေးက လာ နမ်းပြန်သည်။ ဒီကောင်လေးနဲ့တော့ ကြာရင် နှုတ်ခမ်းတွေလဲ လုံးပါးပါး တော့မှာပဲ။

ပွဲမှာတော့ လူငယ်အများစုနှင့် ကောင်လေး သူငယ်ချင်းအများစု ရှိသောကြောင့် လူငယ်တို့သဘာဝအရ Dinner ပွဲလေးမှာ ဆူညံကာ ပျော်ရွှင်ဖွယ်ရာအတိ။ ကောင်လေးကတော့ သူ့ခါးကို ဖက်ထားကာ လုံးဝမျှလွှတ်မပေးခဲ့။ Dinner ပွဲလေးကိုတော့ စံအိမ်ခြံဝန်းလေးထဲမှာပဲ ကျင်းပခဲ့ကြသည်။

"ဟိတ်ကောင်တွေ မင်းတို့ မပြန်သေးဘူးလား"

"ဘာလဲ ရဲမာန် မင်းက မင်္ဂလာဦးညချင်နေလို့ ငါတို့ကိုအတင်းနှင်လွှတ်နေတာလား။ မပြန်သေးဘူး ၈နာရီပဲ ရှိသေးတာ စောသေးတယ်"

"ပြန်တော့ ဟိုမှာ ပစ္စည်းတွေတောင် သိမ်းဆည်းနေတာ ပြီးတော့မယ်။ ငါလဲ ပင်ပန်းနေတာ နားချင်နေပြီ"

"ဝိုး ဟိုး နားချင်တာရော ဟုတ်လို့လား သားကြီးရာ။ မင်းက အသားစားမလို့ ဂူအောင်းချင်နေတာ မလား"

သူငယ်ချင်းတွေက ဝိုင်းဝန်းအော်ဟစ်ကာ စနေကြသဖြင့် ရဲမာန်ရယ်လိုက်မိသည်။

"အေးကွာ။ ဟုတ်တယ်။ ဒယ်ဒီသား စားမလို့ အဲ့တာကြောင့်မြန်မြန်ပြန်တော့"

ခါးကိုဖက်ကာ ခပ်တည်တည်နှင့် ပြောနေသောကောင်လေးကြောင့် မျိုးလွင်ဦး မျက်နှာဘယ်ထားရမလဲ မသိတော့။ ကောင်လေးနှင့် ရွယ်တူ သူငယ်ချင်းတွေဖြစ်တာမို့ ကလေးတွေကြားထဲ ပိုမျက်နှာပူရပါသည်။

ဖက်ထားသည့် ခါးကို ဖယ်ကာရုန်းလိုက်ရင်း

"ဒယ်ဒီ အပေါ်တက်တော့မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောနှင့်လိုက်အုံး"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Où les histoires vivent. Découvrez maintenant