အပိုင်း ၁၀

44.2K 2.3K 42
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

အိပ်နေစဉ်အတွင်း တစ်စုံတစ်ယောက်က စူးစူးဝါးဝါး စိုက်ကြည့်နေသလို မသိုးမသန့်ခံစားချက်ကြောင့် မျိုးလွင်ဦး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

ကမ်းပြင်ပေါ်ထိုင်ပြီး ကုတင်ပေါ် လက်ထောက်ကာသူ့အား စိုက်ကြည့်နေသည့် ရဲမာန်ဝင့်ထည်။

"နိုးပြီလား ဒယ်ဒီ"

ကောင်လေးမျက်နှာက အနည်းငယ်တော့ ဖူးရောင်ကာ အညိုအမဲစွဲနေလေ၏။ ကောင်လေး၏ ဖြစ်ပျက်နေသော မျက်နှာကို မြင်လိုက်ရတော့ မနေ့ညကကိစ္စတွေ အကုန်မေ့သွားကာ စိတ်ပူပန်စွာ ထထိုင်လိုက်မိသည်။

"မျက်နှာဘယ်လိုနေသေးလဲ။ နာနေသေးလား။ ဆေးမလိမ်းထားဘူးလား။မျက်နှာမှာ အမာရွတ်ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

မျက်နှာကို ကိုင်ရင်း ဟိုဘက်ဒီဘက် လှည့်ကြည့်ကာ မေးနေသည့် မျိုးလွင်ဦးကြောင့် ရဲမာန်ဝင့်ထည်က တချက်ရယ်မောလိုက်သည်။

မျက်နှာကို ကိုင်ထားသည့် လက်ကို ဆုပ်ကိုင်လိုက်ရင်း မျိုးလွင်ဦးကို အကြည့်ချင်းဆုံကာ ပြောလာသည်။

"စိတ်ပူတယ်ပေါ့"

ပြုံးစစမျက်နှာပေးနဲ့ လက်ကို ဆုပ်ကိုင်လိုက်ကာမှ မနေ့ညကအကြောင်းအရာများ ခေါင်းထဲ ပြန်လည်ဝင်ရောက်လာတော့သည်။ ကိုင်ထားသည့် လက်ကို ဆတ်ခနဲ ခါထုတ်လိုက်တော့ ကောင်လေးက ခပ်ထေ့ထေ့ ရယ်လိုက်ပြန်တယ်။

"ဘာဖြစ်လို့လဲ လက်ကိုင်တာ မကြိုက်လို့လား အဟင်း... ညက နမ်းတာကျတော့ ငြိမ်နေပြီးတော့ပဲ"

မျိုးလွင်ဦး ပြန်ပြောစရာ စကားမရှိတော့။

ဒါပေမယ့် သူငြိမ်ခံနေခဲ့တာမှမဟုတ်ပဲ ရုန်းမရခဲ့တာ။ ရှင်းပြချင်ပေမယ့် နှုတ်က စကားတို့ထွက်မလာခဲ့။

ရဲမာန်က သူ့နှုတ်ခမ်းပါးတွေကို လက်နဲ့ဖိပွတ်ရင်း ပြောလာခဲ့သည်။

"ကျွန်တော့်တော့ ဒယ်ဒီနှုတ်ခမ်းတွေကို စွဲလမ်းသွားပြီ။ အရမ်းနူးညံ့ပြီး စွဲမက်စရာကောင်းလွန်းတယ်"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now