အပိုင်း ၁၃

39.8K 2K 40
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ညည့်အတော်နက်နေသည်အထိ မျိုးလွင်ဦးတယောက် အိပ်မရသေး။ ကောင်လေးပြန်ရောက်ချိန် အတော်နောက်ကျနေပြီ ဖြစ်ပြီး အခုချိန်ထိ အခန်းထဲ ရောက်မလာသေးပုံအရ အိမ်ပြန်မရောက်သေးသည့် သဘောပင်ဖြစ်သည်။

အခန်းထဲကို သူ့သဘောနှင့်သူ လာဝင်အိပ်ပြီး မနက်မိုးလင်းလျှင် သူ့စိတ်တိုင်းကျသည်အထိ အနမ်းတွေပေးသွားတတ်သည်မှာ အချိန်နှစ်ပတ်ခန့်ပင် ရှိနေလေပြီ။ ငြင်းဆန်ကာ ရုန်းကန်နေလျှင် ပိုဆိုးတတ်သည်ကြောင့် ဘာမှမပြောနိုင်တော့ပဲ သူ့စိတ်တိုင်းကျသာ လွှတ်ထားပေးလိုက်တော့သည်။

အထူးသဖြင့် နှစ်ပတ်ကျော်လောက် ကြာပြီးသည့်နောက် သူစီစဉ်ထားသည့် ကိစ္စတခုလဲ အဆင်ပြေတော့မည် ဖြစ်သောကြောင့် ကောင်လေးကို ထွေထွေထူးထူး ငြင်းဆန်ကာ ပြောဆိုမနေတော့။

နာရီကိုကြည့်ကာ သက်ပြင်းချရင်း အိပ်ဖို့ပြင်လိုက်ပေမယ့် အိပ်လို့မရပေ။ နှစ်ယောက်အိပ်ကုတင် အကျယ်ကြီးကြောင့် ဘေးဘက်ကနေရာအလွတ်ကို ကြည့်ရင်း နောက်တခါသက်ပြင်းချလိုက်မိပြန်သည်။

အမြဲတမ်း ကောင်လေး၏ တင်းကြပ်စွာပွေ့ဖက်ခံရပြီး အိပ်ရသဖြင့် ကျဉ်းကျပ်သောအနေအထားမှာ နေသားကျသွားသလားတော့ မပြောတတ် ဒီကုတင်က ကျယ်လွန်းနေ သလို ခံစားရစေသည်။

အိပ်ရာထဲ လှဲနေသော်လဲ အိပ်မပျော်ပဲ လူးလိမ့်နေစဉ် အချိန်အတော်ကြာမှ တံခါးဖွင့်သံကြားလိုက်ရသည်။

ထို့နောက်သူ့ဘေးနားသို့ တိုးကပ် လာကာ နဖူးအား လာနမ်းသော အထိအတွေ့။ အစက အိပ်ချင်ယောင်ဆောင်နေရန် စီစဉ်ထားသော်လဲ ဆိုးဆိုးဝါးဝါးရလိုက်သည့် အနံ့အသက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

"မအိပ်သေးဘူးလား ဒယ်ဒီ"

"မင်း အရက်တွေ သောက်လာပြန်ပြီလား"

"ဘာလဲ ကျွန်တော့်ရင်ခွင်ကို လွမ်းလို့ အိပ်မရတာလား"

ထိုသို့ အမေးနှင့်အဖြေ ကွဲလွဲစွာဖြင့် ကောင်လေးက မေးခွန်းပြန်ထုတ်လာသည်။ ဘာမှဆက်မပြောတော့၍ ထင်သည် ကုတင်ပေါ်တက်ကာ အိပ်ဖို့ပြင်နေသည့် ကောင်လေးကြောင့် မျိုးလွင်ဦး တချက်ဟန့်တားလိုက်ရတော့သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now