အပိုင်း ၇

37.8K 2.3K 57
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး တစ်ယောက် ညဥ့်နက်နေပြီဖြစ်တာတောင် မအိပ်နိုင်သေးပဲ ဧည့်ခန်းမတွင်ထိုင်နေကာ ခြံဝန်းထဲသို့ တမျှော်မျှော်ဖြစ်နေရသည်။

အကြောင်းမှာမူ ရဲမာန်ဝင့်ထည် အိမ်ပြန်ရောက်မလာသေးသောကြောင့် ဖြစ်သည်။

အသက် နှစ်ဆယ်ကျော် တက္ကသိုလ်ကျောင်းသားဖြစ်လာသော ရဲမာန်ဝင့်ထည်သည် အရင်လို မျိုးလွင်ဦး စကားကို နားမထောင်တော့ပေ။

ပိုက်ဆံကိုရေလိုသုံးကာ ဖြုန်းနိုင်ပြီး အဖွားကလဲ သူ့မြေးစကားတခွန်းဆို တခွန်းအကုန်လုပ်ပေးတတ်ကာ အလိုလိုက်ခဲ့ခြင်းကြောင့် ရဲမာန်မှာ အခုတလော ခြေလှမ်းပျက်ချင်လာသည်။

အပေါင်းအသင်းများလာပြီး နေ့စဉ်နေ့တိုင်း အိမ်ပြန်နောက်ကျ လာခဲ့သည်။ ရည်းစားတွေထည်လဲ တွဲပြီး ပြန်လာတိုင်းလဲ မူးရူးကာ ကားကို မောင်းလာတတ်သည်။ ထို့ကြောင့်သာ စိတ်ချလက်ချမအိပ်နိုင်သေးပဲ ရဲမာန်ဝင့်ထည် အိမ်ပြန်အလာကို စောင့်နေရခြင်းပေ။

ငယ်ငယ်ကလို မျိုးလွင်ဦးကို ကပ်တွယ်ကာ သူချော့မော့ပြောလိုက်လျှင် တခွန်းဆို တခွန်းနားထောင်တတ်သည့် ကလေးလေးမျိုးမဟုတ်တော့။ အခု နောက်ပိုင်းတွင် အနေပိုဝေးလာကာ သူနှင့်ရဲမာန်ဝင့်ထည်မှာ သားအဖဆက်ဆံမျိုးတောင် မရှိတော့ချေ။ မျိုးလွင်ဦးပြောသမျှကို နားမထောင်တော့ပဲ ဂလန်ကဆန်လုပ်ကာ အရွဲ့တိုက်လာသည်။

အစကတော့ ဆယ်ကျော်သက်အရွယ် လူပျိုဖော်ဝင်ကာစအရွယ် အရာရာကိုပုန်ကန်ချင်နေသည့် အရွယ်မို့  အရမ်းကြီး တင်းကြပ်မထားခဲ့ပဲ လွှတ်ပေးထားခဲ့ရာမှ အခုလောက်အထိ သူနှင့်ဝေးကွားသွားရခြင်း ဖြစ်သည်။

အသက် ၁၆နှစ်လောက်က စတင်၍ ရဲမာန်သည် မျိုးလွင်ဦးနှင့် ခပ်ခွာခွာနေထိုင်လာကာ ပြောစကားဆိုစကား နားမထောင်တော့ပေ။ လိုချင်တာရှိခဲ့လျှင်တောင် သူ့ဆီတိုက်ရိုက်မပြောခဲ့ပဲ မိုးကုတ်က အဖွားဆီလှမ်းပြောခဲ့သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now