အပိုင်း ၃၄

26.8K 1.3K 1
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ရှယ်ယာတွေ လွှဲပြောင်းပေးပြီးနောက်ပိုင်း ရဲမာန်ဝင့်ထည်မှာ ဝင့်ထည်ကျောက်မျက်လုပ်ငန်း၏ ဆက်ခံသူဖြစ်လာတော့သည်။

မျိုးလွင်ဦးမှာတော့ ရဲမာန်ဝင့်ထည်အား တယောက်ထဲ လက်လွှတ်မပေးခဲ့ပဲ ဝင့်ထည်လုပ်ငန်းကို အတူတကွ ဦးစီးခဲ့ကြသည်။

ရှယ်ယာတွေ မတည်မငြိမ်ဖြစ်မှုအကြောင်း ကျော်စွာနိုင်ကလဲ ကြားသည်ထင်၏။ ဝင့်ထည်လုပ်ငန်းနှင့် လာရောက် ပူးပေါင်းပြီး ရှယ်ယာတွေ ထည့်ဝင်လာသည်။

"ကျွန်တော့်ကြောင့် မို့ ရှယ်ယာတွေ လာထည့်တာဆိုရင်တော့ ကျွန်တော် လက်မခံပါရစေနဲ့ ကိုကျော်စွာ"

"အဦးကြောင့် မဟုတ်ပါဘူး။ ဝင့်ထည်ကျောက်မျက်လုပ်ငန်းက နာမည်ရှိပြီးသား လုပ်ငန်းတစ်ခုပဲ။ အကိုက အကျိုးတူ လာပူးပေါင်းတာပါ။ အဦးကြောင့်မဟုတ်တာမို့ စိတ်မပူပါနဲ့"

ဘေးမှာ ထိုင်နေသည့် ကောင်လေးကတော့ မှုန်ကုတ်ကုတ်နှင့်သာ။ ဒါကို တွေ့တော့ ကိုကျော်စွာက ဆက်ပြောသည်။

"မိတ်ဆွေတွေအချင်းချင်း ဒီလောက်တော့ ကူညီပေးပြီး အကျိုးတူပူးပေါင်းလို့ရတယ်မလား"

ကောင်လေးအား စားပွဲခုံအောက်မှ လက်ညိုးနဲ့ အသာတို့ထိကာ သတိပေးလိုက်တော့ ကောင်လေးက သူ့ဆီအကြည့်ရောက်လာသည်။

အကြည့်ချင်းဆုံကာ မျက်လုံးနှင့် ခိုင်းလိုက်တော့ ကောင်လေးက ဂျစ်တစ်တစ်အမူအရာနှင့်သာ အကြည့်တို့လွှဲသွားသည်။ ထို့နောက်တွင်တော့ ကျော်စွာနိုင်ဆီ လက်တဖက်ကမ်းပေးပြီးနောက်

"ကျွန်တော်တို့ ဝင့်ထည်လုပ်ငန်းနဲ့ ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျော်စွာနိုင်ကလဲ ထိုကမ်းပေးလာသည့် လက်တဖက်ကို ဆွဲကိုင်ကာ လက်ဆွဲနှုတ်ဆက်လိုက်ရင်း

"ကျွန်တော်ကလဲ ဝင့်ထည့်လုပ်ငန်းနဲ့ ပူးပေါင်းရတဲ့အတွက် ဝမ်းသာပါတယ်။ အဦးကိုလဲ ဂရုစိုက်ပေးပါအုံး"

လက်ဆွဲနှုတ်ဆက်နေရင်း မျက်မှောင်ကြုံ့သွားသော ကောင်လေးကြောင့် မျိုးလွင်ဦးလဲ ရယ်မောလိုက်မိသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Waar verhalen tot leven komen. Ontdek het nu