အပိုင်း ၂၃

33.6K 1.7K 23
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

စားသောက်ဆိုင်တစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်ကာ အချင်းချင်း အကြည့်ချင်းပြိုင်နေကြသော နှစ်ယောက်အား ကြည့်ရင်း မျိုးလွင်ဦး သက်ပြင်းချလိုက်မိသည်။

ကိုကျော်စွာနိုင်က တခေါက်လောက်တော့ တွေ့ချင်တယ် ပြောကာ အသည်းအသန် ချိန်းနေသဖြင့် တခါလောက်တွေ့ရန် ချိန်းလိုက်မိသည်။

ကိုကျော်စွာ ဘာလို့ တွေ့ချင်ကြောင်း သိနေသည့်အတွက် ကိစ္စများ ရှင်းလင်းစေရန် ကိုကျော်စွာအား သေချာပြောပြရမည် ဟူသော စိတ်ကူးအကြံဖြင့် ချိန်းလိုက်မိသည်။

ထိုအခါ ကျော်စွာနိုင်နှင့် တွေ့မည်ဖြစ်ကြောင်း သိသိချင်း မရမကလိုက်မယ်ပြောကာ အတင်းလိုက်လာသော ကောင်လေး။

စားပွဲမှာ ထိုင်လိုက်သည်နှင့် အတူပါလာသော ကောင်လေးကြောင့် ကျော်စွာနိုင်ကလဲ အနည်းငယ်တော့ ရိပ်မိသည် ထင်၏။

"အဦး ကို အကိုက တယောက်ထဲ လာမယ်ထင်နေတာ။ အခုတော့ အဖော်ပါလာတာပဲ"

"အင်း ဟုတ်တယ်။ ဒီလိုပဲ ဖြစ်သွားတယ် ကိုကျော်စွာ"

လွမ်းဆွေးတမ်းတစွာဖြင့် မျိုးလွင်ဦးအား ငေးမောနေသည့် ကျော်စွာနိုင်အား ရဲမာန်ဝင့်ထည်မှာတော့ မကျေနပ်စွာဖြင့် ကြည့်နေလေသည်။

"ကဲပါ။ ရောက်လာပြီးမှတော့ ထမင်းအရင်စားကြတာပေါ့"

ထမင်းစားသောက်နေရင်း ဘေးခုံမှာ ထိုင်နေသည့် ရဲမာန်က သူ့ပန်းကန်ထဲသို့ ခရုဆီနှင့် ကိုက်လန်ကြော်ထားသည့် ဟင်းကိုလာထည့်ပေးသည်။

"စားလေ..အချစ်က အသီးအရွက်ကြော် ကြိုက်တယ်မလား"

"အဟွတ် အဟွတ်"

ရုတ်တရက်ကြီး အချစ်ဟု ခေါ်ကာ ဟင်းတွေလာထည့်ပေးနေသော ကောင်လေးကြောင့် ချောင်းပင်ဆိုးသွားရ၏။

ထိုအခါ အရှေ့ဘက် မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေသည့် ကျော်စွာနိုင်ဆီမှ အသံတချို့ထွက်ပေါ်လာတော့သည်။

"အဦးက ဟင်းသီးဟင်းရွက်ကြော်တွေမှ မကြိုက်တာပဲ။ ရော့ ဒါစားနော်"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Opowieści tętniące życiem. Odkryj je teraz