အပိုင်း ၃၁

27.7K 1.3K 13
                                    

[Zawgyu]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး ရုံးခန်းထဲမှာ အလုပ်လုပ်နေခိုက် ရုံးဖုန်းက မြည်လာခဲ့သည်။

"ဆရာ ဧည့်သည်တယောက်က ဆရာနဲ့တွေ့ချင်တယ် ဆိုလို့ပါ"

"ဘယ်သူတဲ့လဲ"

"ဦးရဲရင့်ဟိန်းပါ ဆရာ"

"အော် သိပြီ။ အပေါ် လွှတ်လိုက်ပါ"

နာမည်ကြားလိုက်သည်နှင့် ဘယ်သူမှန်း ရိပ်မိလိုက်တာကြောင့် မျိုးလွင်ဦး တံခါးသွားဖွင့်ရန် ထလိုက်မိသည်။

"ထိုင်ပါအုံး ခင်ဗျ"

"အင်း။ ကိုယ် ဘယ်သူမှန်း သိပြီးလောက်မယ်လို့ ထင်ပါတယ်"

"ကျွန်တော်သိပါတယ်။ ရဲမာန်လေးရဲ့ အဖေမလား"

"အင်း"

"ပထမဆုံး တွေ့ဆုံခြင်းပါ။ တွေ့ရတာဝမ်းသာပါတယ်"

"အင်း ကိုယ်ရောပါပဲ"

"အခု ဘာကိစ္စများရှိလို့လဲ မသိဘူး။ ရဲမာန်နဲ့ တွေ့ချင်လို့လား"

"အင်း။ အဲ့တာလဲ ပါပေမယ့် အခုက ကိုယ်မင်းကို အဓိကလာတွေ့တာ"

"အော် ဟုတ်ကဲ့။ ရပါတယ် ပြောပါ"

"ကိုယ်နဲ့ ဝင့်ဝါကွာရှင်းပြီး နိုင်ငံခြားကိုထွက်သွားခဲ့ပေမယ့် ကိုယ့်သားကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာ"

မျိုးလွင်ဦးက ချထားသည့် ကော်ဖီကိုယူသောက်ရင်း ပြုံးသည်။

"အခု ကြားနေရတဲ့သတင်းတွေက အဆင်မပြေဘူး။ ဘယ်အချိန်ထိ ကလေးကို ချုပ်ကိုင်ပြီး ဝင့်ထည်လုပ်ငန်းကို အပိုင်သိမ်းထားအုံးမှာလဲ"

မျိုးလွင်ဦးက ထိုစကားကို ကြားတော့ လှောင်ပြုံးမည်သော အပြုံးလေးတစ်ခုကို ပြုံးလိုက်၏။

"ဒါဆို ကိုရဲရင့်ဟိန်း ကြားထားရတဲ့ သတင်းတွေက မှားနေပြီထင်တယ်။ ကျွန်တော်က ရဲမာန်ကို ဘယ်တုန်းကမှ မချုပ်ကိုင်ဖူးသလို ဝင့်ထည်လုပ်ငန်းကိုလဲ ဘယ်တုန်းကမှ အပိုင်မသိမ်းထားခဲ့ပါဘူး"

"ဒါဆို အမေရော သားကိုရောယူပြီး ဝင့်ထည်လုပ်ငန်းကို လက်မလွှတ်ပေးချင်တာကရော"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Donde viven las historias. Descúbrelo ahora