အပိုင်း ၃၂

26K 1.4K 12
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

သိပ်မကြာမီရက်ပိုင်းအတွင်း ဦးရဲရင့်ဟိန်းမှာ သူ့ပြောစကားအတိုင်း ရှယ်ယာတွေကို ပြန်ထုတ်သွားခဲ့သည်။

ဝင့်ထည်လုပ်ငန်းအဖို့တော့ ပြိုလဲယိုင်နဲ့သွားမည့် အနေအထားမျိုး မဟုတ်ခဲ့ပေမယ့် ပုံမှန်လည်ပတ်နေကျ အစုရှယ်ယာတွေကို ရုတ်တရက်ပြန်ထုတ်သွားခဲ့သည်မို့ လုပ်ငန်းပိုင်းတွေမှာ အနည်းငယ်တော့ ပြသနာလေးတွေ ရှိလာခဲ့သည်။

ထိုပြသနာများကို အလျင်မီ ဖြေရှင်းရန်မှာ ဝင့်ထည်လုပ်ငန်း၏ ပိုင်ရှင် မျိုးလွင်ဦးတာဝန်ဖြစ်သဖြင့် အလုပ်ရှုပ်နေတော့သည်။

ထိုင်ခုံမှာထိုင်နေရင်း စာရွက်စာတမ်းများကြည့်နေစဉ် ပုခုံးကို လာနှိပ်ပေးနေသည့်ကောင်လေး။

"ပင်ပန်းနေပြီလား ဒယ်ဒီ"

"အင်း။ ရပါတယ် အရမ်းကြီးတော့မဟုတ်ပါဘူး"

"ဖြေးဖြေးလုပ်ပါ။ မောင့်အချစ်ကလေး ကျန်းမာရေးထိခိုက်နေအုံးမယ်"

အနောက်ကနေ သိုင်းဖက်ပြီး ပြောလာသည့် ကောင်လေးကြောင့်ပြုံးလိုက်ရင်း

"အင်းပါ။ နောက်ကျနေပြီ မောင် အိပ်ချင်သွားအိပ်တော့လေ"

"ဒယ်ဒီကရော။ တူတူအိပ်မယ်လေ"

"ဒယ်ဒီ ဒီစာရင်းလေး ခနကြည့်လိုက်အုံးမယ်။ ပြီးရင် လာအိပ်မယ်နော်။ မောင်အရင်သွားအိပ်နှင့်"

စာရင်းတွေလုပ်ကာ ပင်ပန်းနွမ်းနယ်နေသော ဒယ်ဒီအားကြည့်ရင်း ရဲမာန်ဝင့်ထည် သက်ပြင်းချလိုက်မိသည်။

အလုပ်ကို အမြဲတမ်း နည်းစနစ်ကျစွာ အမှားအယွင်းမရှိအောင် လုပ်တတ်သူမို့ အခုလိုပြသနာတွေဖြစ်တော့ စိတ်မကောင်းဖြစ်နေမည်မှာ မလွဲမသွေ။ မျက်နှာလေးပင် အနည်းငယ်ချောင်ကျနေတော့သည်။ အလုပ်ကိုလောဘကြီးတတ်သူမို့ ဒီညတော့ စာရင်းမပြီးမချင်း အိပ်မှာ မဟုတ်သဖြင့် ရဲမာန်ဝင့်ထည်လဲ အတင်းအိပ်ခိုင်းဖို့ကို လက်လျော့လိုက်ရတော့သည်။

"အင်း။ အဲ့ဒါဆို အရမ်းနောက်ကျအောင်ထိ မလုပ်နဲ့နော် ဒယ်ဒီ"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now