အပိုင်း ၆

40.2K 2.3K 58
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး အိပ်ရာနိုးတော့ သူ့နောက်ကျောဘက်က ခံစားလိုက်ရသည့် နွေးထွေးသည့် ကိုယ်ငွေ့တစ်ခု။

မျက်လုံးဖွင့်ကြည့်လိုက်တော့ အနောက်ဘက်ဆီကနေ လက်တဖက်က သူ့ပုခုံးပေါ်ကို တင်ထားကာ သူ့ရင်ဘတ်နားမှာ ကျနေသည်။ ထိုမှသာ ကောင်လေး ညက သူ့ဆီလာအိပ်တာကို သတိရလိုက်မိသည်။

ထို့အပြင် ကောင်လေး၏ နောက်လက်တစ်ဖက်က သူ့ခေါင်းအောက်မှာ။ တော်သေးသည်က ခေါင်းအုံးနှင့် လည်ပင်းလွတ်နေသည့် နေရာကိုရောက်နေသဖြင့် ကောင်လေး၏ လက်ကိုမဖိမိထားလို့သာ တော်သေးတော့သည်။

ရာသီဥတုကတော့ ကြည်လင်သန့်စင်ကာ မိုးသားမိုးရိပ်များကို အစွန်းအစပင်မမြင်ရတော့။ ညကဝုန်းဒိုင်းကျဲစွာ မုန်တိုင်းကျခဲ့သည်မှာ သူမဟုတ်သည့်အလားပင်။

အိပ်ရာနိုးနေပြီဖြစ်သော်လဲ အနည်းငယ်တော့ စောသေးသဖြင့် သူမထမိ။ အထူးသဖြင့် ထဖို့လှုပ်ရှားလိုက်ပါက ထိမိတိုက်မိသွားလျှင် အနောက်ကကောင်ငယ်လေးနိုးသွားမည် စိုးသောကြောင့် ဒီအတိုင်းသာငြိမ်နေမိသည်။

ပုခုံးပေါ်ကိုတင်ထားသော လက်ကြောင့် ကောင်လေး၏ လက်ဖဝါးက သူ့မျက်နှာအောက်နားကျနေသည်။ ထိုကျနေသော လက်ဖဝါးကို မြင်တော့ သူ့လက်ဖဝါးနှင့် အသာဖြန့်ကာတိုင်းမိသည်။ ကောင်လေး၏ လက်ဖဝါးတွေက သူနှင့်မတိမ်းမယိမ်းတောင် ဖြစ်နေပြီ။

အချိန်တခဏလေးအတွင်းမှာ ဆယ်စုနှစ်တစ်ခု ကုန်လွန်သွားခဲ့ပြီ။ မျက်စိတမှိတ်လေးအတွင်းမှာတင် ဒီကောင်လေးဟာ ၁၅နှစ်သား အရွယ်ကို ရောက်လာခဲ့လေပြီ။

"ဒီကလေး ဘယ်လောက်ထိများ ဆက်ထွားအုံးမှာပါလိမ့်။ ငယ်ငယ်က ငါ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တဲ့ လက်ဖဝါးသေးသေးလေးတောင် ငါ့လက်ထက် ကြီးလာတော့မှာပါလား။ ကလေးတွေ အရွယ်ရောက်လာတာ မြန်လိုက်တာ"

တီးတိုးရေရွတ်ရင်း ပြုံးလိုက်မိသည်။ ထို့နောက်ထရန်အတွက် ခန္ဓာကိုယ်ကို တချက်လှုပ်လိုက်စဉ် ပုခုံးပေါ်က လက်က သူ့အား ရုတ်တရက် တင်းကြပ်စွာ ရစ်ပတ်လာသည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now