အခပျြပို (Extra)

34K 1K 78
                                    


(Zawgyi)

[ဒီအပိုင်းကတော့ ရဲမာန် နဲ့ ဒယ်ဒီတို့ မင်္ဂလာဆောင်ပြီး နောက်ပိုင်းလေးပါ]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ရဲမာန်ဝင့်ထည် တစ်စုံ တစ်ခုကို တွေးတောမိရင်း စိတ်ထဲ အလိုမကျဖြစ်နေရသည်။

အသေးလေးဟာ သူနဲ့အတူနေတိုင်း စိတ်ကိုတအားထိန်းချုပ်လွန်းတယ်။ မသိရင် ကိုယ်ကပဲ လူဆိုးကောင်ကြီးလိုလို။ ယောက်ျားလေးတွေရဲ့ သဘောသဘာဝအရ ရှိသင့်သလောက် လိင်စိတ်တော့ ရှိမှာပဲ။

ပြီးတော့ သူတို့က လက်ထပ်ပြီးသားလေ။
အခုချိန်ထိ ဘာတွေကို ဘယ်လိုများ ရှက်ပြီး ပွင့်ပွင့်လင်းလင်း မဖြစ်ရသေးတာလဲ မသိ။

ထိုသို့တွေးတောနေရင်း ခေါင်းထဲရုတ်တရက်ဝင်လာသော အကြံတခုကြောင့် နှုတ်ခမ်းတို့ တွန့်ကာပြုံးလိုက်မိ၏။

အသေးလေးက ရေချိုးခန်းထဲက ထွက်လာချိန်မှာတော့ အင်္ကျီအဝတ်အစားပင် တခါထဲ လဲလာသည်။ အဲ့ဒါတွေ မကြိုက်တာပင်။ လက်ထပ်ပြီး ယောက်ျားနဲ့ တခန်းထဲ အတူနေတာပဲ ရေချိုးပြီး အဝတ်အစားကို တခါထဲတန်း လဲလာဖို့လိုအပ်လို့လား။

ပုဆိုးနှင့် ညဝတ်အကျီအပွလေးကို ဝတ်ထားသည့် အသေးလေးမှာ မျက်နှာလေးက ပကတိကြည်လင်ဖြူစင်နေသည်။

ထိုင်ခုံမှာ ထိုင်နေသည့် သူ့ဆီအကြည့်တို့ရောက်လာရင်း အသေးလေးက အမေးရှိလာ၏။

"ဝိုင်သောက် နေတာလား မောင်"

"အင်း ဟုတ်တယ်။ ဒယ်ဒီရော သောက်အုံးမလား။ အိပ်လို့ကောင်းတယ်လေ"

ဝိုင်ခွက်ကို ကမ်းပေးလိုက်တော့ အသေးလေးက သူ့လက်ထဲက ဝိုင်ကို လှမ်းယူလိုက်ရင်း ခွက်ကိုကိုင်ကာ ဝိုင်ကို လှည့်လိုက်၏။

"နည်းနည်းပဲသောက်မယ်လေ။ မောင်လဲအများကြီးမသောက်နဲ့အုံး"

"အင်းပါ ချစ်သဲရဲ့။ လာပါအုံး မောင့်ဆီ"

ကောင်လေးခေါ်ရာ ပေါင်ပေါ်သို့ ထိုင်လိုက်မိတော့ သူ့ နားသယ်စပ်တွေကို ခပ်ဖွဖွနမ်းရှိုက်လာသည်။

ကောင်လေးရင်ခွင်ထဲခိုနားရင်း ဝိုင်တခွက်ကုန်အောင် ပင် သောက်လိုက်မိတော့သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Tempat cerita menjadi hidup. Temukan sekarang