အပိုင်း ၂၅

32.4K 1.5K 5
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ရဲမာန်ဝင့်ထည်၏ ဆိုးသွမ်းမှုကြောင့် နောက်နေ့မှာမျိုးလွင်ဦး တစ်ယောက် နေမကောင်းဖြစ်သွားကာ ရုံးပင်မတက်နိုင်တော့ချေ။

ထို့ကြောင့် စိတ်ဆိုးဟန်ပြတော့ ကောင်လေးက ရယ်မောရင်းသာ နေ၏။

"ဆေးလေးသောက်လိုက်အုံး ဒယ်ဒီ"

ကုတင်ဘောင်ပေါ် မှီထိုင်နေရင်း မျက်မှောင်တို့ ကုတ်ကာ ကြည့်လိုက်တော့ ရယ်မောကာ မျက်နှာကိုလာဖြစ်ညစ်၏။

"ချစ်စရာကောင်းအောင် မလုပ်နဲ့ ဒယ်ဒီရာ"

မျက်စောင်းတချက်ပေးလိုက်တော့ နဖူးကို ခပ်ဖွဖွလာနမ်းပြန်သည်။

"ဆေးသောက်နော် အချစ်ကလေး"

စိတ်ကိုလျှော့ရင် သက်ပြင်းတချက်ချကာ ဆေးအား ယူသောက်လိုက်မိတော့သည်။

"မောင့်အချစ်ကလေး"

မေးဖျားကို ကိုင်ကာ ပြောနေသဖြင့် လက်ကိုပုတ်ထုတ်လိုက်မိသည်။ အခုထိ နေရထိုင်ရတာ မသက်သာသေးသဖြင့် စိတ်တိုတိုဖြင့် သာ။

"မောင့် အချစ်ဦးလေးရာ စိတ်မဆိုးပါနဲ့။ မောင်ကချစ်လို့ပါ......နော်"

နှာခေါင်းချင်း ပွတ်ကာ ပြောဆိုနေသော ကောင်လေးကြောင့် မျိုးလွင်ဦး နှလုံးသားလေးလဲ အရည်ပျော်ကျရပြန်ပါပြီ။

"နောက်ဆို အဲ့..လောက်ကြီး မလုပ်နဲ့"

"ဟုတ်ကဲ့ပါ ခင်ဗျ။ စိတ်မဆိုးနဲ့တော့နော်"

"အင်း"

"ချစ်တယ် မောင့်ရဲ့ အသဲလေး။ ခနအိပ်လိုက်အုံးနော်"

"အင်း"

"ချစ်ရဲ့လား မောင့်ကိုရော"

အသာခေါင်းငြိမ့်ပြမိတော့ မျက်နှာကို ဖြစ်ညစ်ကာ နမ်းပြန်သည်။ ဒီကောင်လေးဟာ သူ့ကို ကလေးလို ဆက်ဆံနေတော့တာပါပဲ။

~~~~~~~~~~~~~

အလုပ်နှစ်ရက်လောက် နားလိုက်ခြင်းကြောင့် အရောင်းအဝယ်ကိစ္စများက တောင်လိုပုံထပ်နေတော့သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now