အပိုင်း ၉

40.5K 2.2K 72
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

မျိုးလွင်ဦး ဧည်ခန်းထဲမှာ ကောင်လေး အိမ်ပြန်အလာကို ထိုင်စောင့်နေခိုက် ခြံထဲသို့ ဝုန်းဒိုင်းကြဲ ကားမောင်းဝင်လာသော ရဲမာန်ဝင့်ထည်။

အိမ်ထဲရောက်တော့ ရဲမာန်ဝင့်ထည်၏ မျက်နှာတခုလုံး သွေးသံတရဲရဲနှင့်သာ။ နဖူးမှာလဲ အက်ကွဲရာ တစ်ခုနှင့် နှုတ်ခမ်းဟာလဲ ပေါက်ပြဲ ပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ လက်တွေမှာလဲ ပွန်းရာပဲ့ရာ ပရပွနှင့် လက်ဖဝါးကလဲ သွေးတစက်စက်ကျနေလေသည်။

ဖြစ်ပျက်လာသော ပုံစံကြောင့် ဘုရားတမိကာ ရဲမာန်ကို သွားဆွဲရတော့သည်။

အနည်းငယ်မြင့်မားသော အရပ်နှင့်ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် မူးကာ ယိုင်တိုင်တိုင်ဖြစ်နေသည့် ကောင်လေးကို ဆွဲရသည်မှာလဲ မျိုးလွင်ဦးအတွက် သိပ်မသက်သာပေ။

"ဘယ်လိုဖြစ်လာတာလဲ ရဲမာန်"

ထိုအခါကောင်လေးက သူ့ကို ဆောင့်တွန်းလွှတ်ပြီး အပေါ်ထပ်ဆီသို့ ဝုန်းဒိုင်းကျဲ တရကြမ်း တက်သွား၏။ မျိုးလွင်ဦးလဲ စိတ်ပူပန်စွာဖြင့် မြန်ဆန်စွာ တက်သွားသည့် ကောင်လေးနောက် အပြေးလိုက်ရတော့သည်။

အခန်းထဲရောက်တော့ ဝေ့ဝဲရှာကြည့်လိုက်ချိန် ရေတွေဖွင့်ထားသည့် ရေပန်းအောက်မှာ မတ်တပ်ရပ်ရင်း ခေါင်းငိုက်စိုက်ချထားသည့် ရဲမာန်ဝင့်ထည်ကို တွေ့လိုက်ရ၏။ ရေချိုးခန်းကြမ်းပြင်ကတော့ ကောင်လေး၏ ခန္ဓာကိုယ်မှ သွေးတွေနှင့် ရေတွေ ရောနှောကာ ရဲရဲနီလျှက်။

ဒီကောင်လေးဟာ စိတ်ညစ်တာတို့ စိတ်တိုတာတို့ဆိုလျှင် အမြဲတမ်း ရေပန်းကို ဖွင့်ချကာ ရေပန်းအောက်မှာ ထိုင်နေလေ့ရှိတတ်တာ ငယ်စဉ်ထဲက အကျင့်ပေ။

ရေချိုးခန်းတံခါးဟာလဲ ပွင့်နေသည်မို့ မျိုးလွင်ဦးလဲ ရေချိုးခန်းထဲဝင်ကာ ရေပန်းအောက်မှ ကောင်လေးကိုဆွဲထုတ်ရင်း မေးမြန်းရတော့သည်။

"ဘယ်လိုတွေ ဖြစ်လာရတာလဲ ရဲမာန်ရယ်"

ကောင်လေး တကိုယ်လုံး ရေတွေစိုရွဲနေပြီး ဆံပင်တွေက မျက်နှာမှာ ရေတွေဖြင့် ကပ်ငြိ ရှုပ်ထွေး နေသည်။ ကောင်လေးက သူ့အား မျက်ထောင့်နီများဖြင့် တချက်စိုက်ကြည့်လာပြီး ထပ်မံ ဆောင့်တွန်းလိုက်ပြန်ကာ ရေပန်းအောက်သို့ ပြန်ဝင်သွားပြန်သည်။

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now