အပိုင်း ၄

40.4K 2.2K 40
                                    

[Zawgyi]

မေတ္တာနှောင်သီ ချစ်ကြိုးချည်
(My Step-Father is Mine)
*

ဝင့်ဝါထည်မှာ အသက် ၂၆ နှစ်အရွယ်ခန့်ရှိပြီး အမျိုးသမီးတစ်ဦး၏ တည်ငြိမ်ရင့်ကျက်သော အလှတရားများနှင့် ပြည့်စုံလှပါပေသည်။ သို့သော်လဲ မျက်နှာအမူအရာကတော့ ချမ်းသာကြွယ်ဝစွာ ကြီးပြင်းလာရသည်နှင့်အညီ တင်းမာသောမျက်နှာ အနေအထားဘက်သို့ အနည်းငယ်သက်ရောက်လေသည်။

စံအိမ်ထဲက ဆလွန်းကား အဖြူလေးကို မောင်းထွက်လာတော့ ဒေါ်မြဝင့်ထည်က သူတို့နှစ်ယောက်အား ကြည်နူးနေသောအပြုံးတို့ဖြင့် မြင်ကွင်းတဆုံးလိုက်ကြည့်နေသည်ကို ကားဘက်မှန်မှတဆင့် မြင်လိုက်ရပါသည်။

ကားပေါ်မတက်ခင်အထိ "အေးအေးဆေးဆေး မှ ပြန်လာကြနော် သားတို့။ အိမ်မှာ ဘာအလုပ်မှမရှိဘူး" ဆိုသည့် ကိုလဲ တွင်တွင်ပြောလျှက်။

ကားဘေးဘက်ခုံမှာထိုင်နေသည့် ဝင့်ဝါထည်ကတော့ အနည်းငယ်တင်းမာသော မျက်နှာထားနှင့်သာ ထိုင်နေပြီး ဘာမှတော့မပြော။ မကျေနပ်တာမျိုး၊ မာနကြီးတာမျိုး မဟုတ်ပေမယ့် သူ့ပုံမှန်မျက်နှာ အနေအထားကိုက အဲ့ဒီပုံစံသာ ဖြစ်၏။

ကားကို စံအိမ်ရှိရာ လမ်းသွယ်လေးထဲမှ ထွက်လာပြီး ကားလမ်းမကြီးပေါ်ရောက်အောင် မောင်းနှင်လာပြီးသည့်နောက် စကားတခွန်းမေးလိုက်မိသည်။

"မဝင့်ဝါ ဗိုလ်ချုပ်ဈေးပဲ တန်းသွားမှာလား။ တခြားဘယ်နေရာတွေ ဝင်စရာရှိသေးလဲ"

ကားတံခါးအပြင်ဘက်က မြင်ကွင်းတွေကို ငေးမောနေသည့် ဝင့်ဝါထည်က သူ့ကိုလှည့် မကြည့်ပါပဲ အေးဆေးတည်ငြိမ်စွာပြောလာသည်။

"ဗိုလ်ချုပ်ဈေးမသွားပါဘူး။ တို့တွေ အေးဆေးစကားပြောလို့ ရမယ့် နေရာတစ်ခုခုကိုသာ မောင်းလိုက်ပါ"

"ဟုတ်ကဲ့ မဝင့်ဝါ"

ဘာကိုဆိုလိုချင်မှန်း သိသည်မို့ သူလဲကားလေးကို ကန်တော်ကြီး ပန်းခြံဘက်သို့ ဦးတည် မောင်းနှင်လိုက်လေသည်။

"မာမီက တို့နဲ့ မင်းကို အိမ်ထောင်ချပေးချင်နေတာ မင်းလဲ သိထားမှာပေါ့"

𝗠𝘆 𝗦𝘁𝗲𝗽-𝗙𝗮𝘁𝗵𝗲𝗿 𝗶𝘀 𝗠𝗶𝗻𝗲 [Complete]Where stories live. Discover now