အပိုင်း ၁ (uni&zawgyi)

8.6K 200 7
                                    


မိုးလင်းပြီဆိုကတည်းက စျေးရောင်းသူ စျေးဝယ်သူတွေရဲ့ အသံဟာ ဟေမာန်တို့ ရပ်ကွက်မှာ ဆူညံလို့နေပါတယ် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်တာကြောင့် စကားသံ ဝဲဝဲလေးတွေဟာ ဘယ်လောက်ဆူညံတယ်ဆိုပါစေအုံး နားထောင်လို့ကောင်းသည်မှာတော် အပြောပင်မဟုတ်ပေ..

''ဟေ​မာန်ရေ ရုံးသွားကြရအောင် ''

သူငယ်ချင်း နန်းလွင်ခမ်းရဲ့ အသံကြားမှာ မနက်စာ ရေစိမ်ခေါက်ဆွဲစားနေရင်းက လှမ်းအသံပြုလိုက်တယ်

''အေး နမ်းခမ်းရေ ခဏနေအုံး နာရီဝက်လိုပါသေးတယ် ခဏထိုင်အုံးနော် ''

''အေး သမီး မနက်စာ ဘာစားခဲ့လဲ မိဟေတို့ကတော့ ခုနေ့ အိပ်ပုတ်ကြီးတာ ခု့နကမှ ဒေါ်လေးနှိုးထားတာ ဟိုဘက်အိမ်မှာ တစ်ယောက်တည်းနေချင်သပဆိုလို့ နေခိုင်းထားတာ ခု့ပုံစံအတိုင်းဆို ဒေါ်လေးတို့နဲ့အတူတူပဲ ပြန်ခေါ်ထားရမယ်ပုံ''

''ဟာ အမေကလည်း သမီး ဟိုဘက်အိမ်မှာပဲ နေမှာနော် ပြန်မလာပါဘူး အဘွားတို့ရှိ့ကတည်းက နေလာတာ နောက်ကျတာကလည်း ညက ဖုန်းနံပါတ်စာရင်းတွေ စစ်နေရလို့ပါ ကိုယ့်သမီးအကြောင်းလဲ သိရက်နဲ့''

''ဟုတ် ဒေါ်လေး သမီး ရှမ်းခေါက်ဆွဲစားခဲ့ပြီးပြီ ''
''အမေ့ မနက်ဖြန်ကျ မျှစ်ချဥ်ခေါက်ဆွဲလေး လုပ်ပေးပါလား မစားရတာ ကြာပြီမို့လို့လေနော်''

''ဟုတ်ကဲ့ပါ အမေ ကျွန်မ မနက်ဖြန်လုပ်ကျွေးပါမယ် ခုလောလောဆယ်တော့ နန်းခမ်းကို အားမနာဘူးလား စောင့်နေတာကို တကယ်တမ်းမှပဲ သွားနောက် စားနောက်နော် ''

မျက်စောင်းထိုးကာ ပြောနေသော အမေ့ကို စပ်ဖြီးဖြီးနဲ့ ပြုံးပြရင် ''

''အမေ အဲ့ဒါဆို အငယ်မကို တစ်ခါတည်းခေါ်သွားလိုက်တော့မယ်နော် လာလာ အုတ်ဖိုမ သွားကြစို့ ''

''မမကြီးနော် သူကျ ဝတုတ်တုတ်နဲ့ ဝိတ်မချဘဲနဲ့များ သူများကို အုတ်ဖိုမတဲ့ ဟွန့်''

အဲ့လိုပဲ ညီမနှစ်ယောက်က မတည့်အတူနေ မမြင်ချောင်းကြည့်တဲ့ အဲ့စကားပုံက ဟေမာတို့ ညီအစ်မနှစ်ယောက်ကို ပြောတာနေမှာ ''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Where stories live. Discover now